Connect with us

Hi, what are you looking for?

News

အပြစ်မဲ့ပြည်သူတစ်ဦးထပ်မံကျဆုံး၍ ကျဆုံးခဲ့သည့်ပြည်သူစုစုပေါင်း ၁၀၀၇ဦးအထိရှိလာ

မန္တလေးတိုင်း မြင်းခြံမြိုနယ်မှ အပြစ်မဲ့ပြည်သူတစ်ဦးထပ်မံကျဆုံး၍ စစ်အာဏာ ရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့ရသည့်ပြည်သူစုစုပေါင်းမှာ ယနေ့အထိ၁၀၀၇ ဦး ရှိပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ် ၁၈ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၇၄၇) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်သည်ဟု ဖော်ပြထားသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ကျောက်ကန်ကျေးရွာမှ ကိုသက်နိုင်ဦးကို အကြမ်းဖက်စစ်အုပ်စု၏ တပ်များမှ ယမန်နေ့ (သြဂုတ် ၁၈) ညပိုင်းတွင် ဖမ်းဆီးခဲ့ပြီး တစ်ညလုံး ရိုက်နှက်၍ ညှဉ်းပန်းနှိပ်စက်သောကြောင့် ယနေ့ (ဩဂုတ် ၁၉) နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ကိုသက်နိုင်ဦးသည် အကြမ်းဖက်စစ်အုပ်စု၏ တပ်များ တပ်စွဲထားသော ကျောက်ကန်ကျေးရွာ စာသင်ကျောင်း တောင်ဘက်မှ နေအိမ်ဘက်သို့ ပြန်လာစဉ် ဓာတ်မီးရောင်တွေ့သည်ဟုဆိုကာ အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) လွှတ်တော်ကိုယ်စားလှယ် သုံးဦး၏ နေအိမ်များကို ယမန်နေ့ (သြဂုတ် ၁၈) နေ့လယ်ပိုင်း၌ ရဲနှင့် စစ်သားများက ဝင်ရောက်စီးနင်းခဲ့ပြီး မိသားစုဝင်တချို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။ စိုင်ပြင်မြို့တွင် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်၏ နေအိမ်ကို စီးနင်းခဲ့ပြီး ဦးဝင်းမြင့်အောင်၏ဇနီး ဒေါ်ခင်အုန်းမြင့်နှင့် သားတစ်ဦး၊ ညီဖြစ်သူ ဦးစန်းလင်းတို့ကို ဖမ်းဆီးသွားသည်ဟု သိရှိရသည်။ အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမင်းဝင်း၏ နေအိမ်ကို ဝင်ရောက်စီးနင်းရာ၌ ၎င်း၏ အစ်ကိုဖြစ်သူ ဦးမှတ်ဆန်းနှင့် တူတော်စပ်သူတစ်ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဒီပဲယင်းမြို့ပေါ်ရှိ အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နှင်းခိုင်စိုး၏ နေအိမ်ကိုလည်း စစ်ကောင်စီတပ်များက ဝင်ရောက် စီးနင်းခဲ့ပြီး ဒေါ်နှင်းခိုင်စိုး၏ ဖခင်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခြင်းခံထားရပြီး အောက်စီဂျင်ရှုနေရသည့်အတွက် ဖမ်းဆီးခံရခြင်း မရှိကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော နိုင်ငံရေးလေ့လာသုံးသပ်ချက်များရေးသားသည့် ဝါရင့်သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို အကြမ်းဖက်စစ်အုပ်စုမှ ၎င်းတိမ်းရှောင်နေသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်အတွင်းရှိ တိုက်ခန်းတစ်ခုတွင် ဩဂုတ်လ ၁၅ ရက်နေ့ ညအချိန်က ဖမ်းဆီးခဲ့သည်။ ဦးစည်သူအောင်မြင့်သည် VOA၊ Frontier Myanmar Magazine တို့၏ ပင်တိုင်ဆောင်းပါးရှင် တစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုကို ဝေဖန်သည့်သည့် သတင်းဆောင်းပါးများ၊ သရော်စာများရေးသားသောကြောင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရခြင်းဖြစ်သည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...