Connect with us

Hi, what are you looking for?

News

NUG၏ လုံခြုံရေးအကူအညီရပါက တပ်ရင်း ၅ရင်းစာစစ်သားများ စစ်ကောင်စီထံမှ ထွက်လာရန်ရှိ​နေ

သားတွေ ပေါင်း စည်းနိုင်ခြင်းဟာ သွေးမြေကျမှု အနည်းဆုံးနဲ့ အောင်ပွဲရနိုင်မဲ့နည်းဗျူဟာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် NUG ဘက်က ဌာနတစ်ခုဖွင့်ပြီး စိစစ်ကူညီစေချင်ပါတယ်”ဟု ရေးသားထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လုံခြုံရေး ကူညီပေးနိုင်မည်ဆိုပါက တစ်လအတွင်း စစ်သား ၅၀၀ ခန့် ထွက်လာရန်ရှိကြောင်း အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ်ထားသည့် အရာရှိများဖြင့် စုဖွဲ့ထားသော People’s Soldiers၏ လူမှုကွန်ရက်စာမျက်နှာတွင် ယမန်နေ့က ဖော်ပြထားသည်။

“ဒီအရေအတွက်ဟာ တိုက်ခိုက်ရေးအင်အား ၅ရင်းစာနဲ့ညီမျှပါတယ်။ ပြည်သူနဲ့ ပြည်သူ့စစ်သားတွေ ပေါင်း စည်းနိုင်ခြင်းဟာ သွေးမြေကျမှု အနည်းဆုံးနဲ့ အောင်ပွဲရနိုင်မဲ့နည်းဗျူဟာ တစ်ခုလည်းဖြစ်ပါတယ်။ ဒါကြောင့် NUG ဘက်က ဌာနတစ်ခုဖွင့်ပြီး စိစစ်ကူညီစေချင်ပါတယ်”ဟု ရေးသားထားသည်။

ယခုရက်ပိုင်းတွင် စစ်ကောင်စီလက်အောက်ခံတပ်မှ စစ်သည်များ လက်နက်အပြည့်အစုံနှင့် ထွက်ပြေးသည့် သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဩဂုတ် ၁၈ရက်ညပိုင်းကပင် ထားဝင်မြို့အနီးရှိ ခလရ (၂၅)တပ်မှ စစ်သား ၂၅ဦး လက်နက်အပြည့်အစုံနှင့်ထွက်ပြေးသွားကြောင်း ကြားသိရသည်ဟု ဒေသခံက ပြောကြားသည်။

ထို့ကြောင့် ဩဂုတ် ၁၉ရက်တွင် ထားဝယ်မြို့၌ စစ်ဆေးမှုများ ယခင်ထက် ပိုမိုတင်းကြပ်စွာ ဆောင်ရွက်နေကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)ကမူ ပြည်သူနှင့်အတူ ပူးပေါင်းရန်ဆုံးဖြတ်ပြီး လက်နက်အပြည့်အစုံဖြင့် လာရောက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဆုငွေချီးမြှင့်မည့်အပြင် ပြည်ပသို့မဟုတ် လုံခြုံရာနေရာသို့ သွားရန် လုပ်ဆောင်ပေးနိုင်းကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

စိုက်ပျိုးမြေအမြောက်အများရေနစ်မြုပ်ခဲ့ပြီးပြည်သူသိန်းချီအကူအညီလိုအပ်နေတဲ့ စစ်ကိုင်းတိုင်းရေဘေးကယ်ဆယ်ရေးအတွက် အမျိုးသားညီညွတ်​ရေးအစိုးရ-NUG နဲ့ စစ်ကိုင်းတိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ "အရေးပေါ် တုံ့ပြန် ဆောင်ရွက်ရေး ပူးပေါင်းကော်မတီ (Joint Emergency Response Committee- JERC)" ကို ဖွဲ့စည်းလိုက်ပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်