Connect with us

Hi, what are you looking for?

News

ဂျပန် ကီရင် ဘီယာ ကုမ္ပဏီကို စစ်တပ်နဲ့ဆက်နွယ်မှု ချက်ချင်းအဆုံးသတ်ဖို့ တောင်းဆို

ပြည်သူတွေရဲ့သပိတ်မှောက်မှုကြောင့် စစ်တပ်ပိုင် ဘီယာလုပ်ငန်းရဲ့ ဝင်ငွေရရှိမှုဟာ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကီရင်ရဲ့ ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

ဂျပန် ကီရင် ဘီယာကုမ္ပ ဏီအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုအားလုံးကို ချက်ချင်းအဆုံးသတ်ဖို့ မြန်မာနိုင်ငံအတွက် တရားမျှတမှု ( (Justice For Myanmar) အဖွဲ့က ဒီနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

လူထုရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကီရင်ကုမ္ပဏီဟာ စစ်တပ်နဲ့ဆက်နွယ်တဲ့စီးပွားရေးကို အဆုံးသတ်မယ်လို့ ကြေညာခဲ့ပေမယ့် လက်ရှိအချိန်ထိ အကောင်အထည်ဖော်တာမတွေ့ရသေးဘူးလို့ Justic For Myanmar က ဆိုထားပါတယ်။

ကီရင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဘီယာ လုပ်ငန်းကို ပူးပေါင်းလုပ်ကိုင်နေတာပါ။

ကီရင်ရဲ့နောက်ဆုံးထုတ်ပြန်တဲ့အချက်အလက်တွေကိုကြည့်ရင် ပြည်သူတွေဟာ မြန်မာဘီယာလိုမျိုး စစ်တပ် ထုတ်ကုန်တွေကို ဆန့်ကျင်သပိတ်မှောက်တာက ထိရောက်မှုရှိပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ဝင်ငွေကို တိုက်ခိုက်ထိခိုက်စေတာတွေ့ရတယ်လို့ Justic For Myanmar က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ပြည်သူတွေရဲ့သပိတ်မှောက်မှုကြောင့် စစ်တပ်ပိုင် ဘီယာလုပ်ငန်းရဲ့ ဝင်ငွေရရှိမှုဟာ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကီရင်ရဲ့ ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

ကီရင်ရဲ့စီးပွားဖက်ဖြစ်တဲ့စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီဟာ စစ်တပ်အတွက်ဝင်ငွေအမြောက်အများ ရအောင် ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဆိုက်ဘာငွေလိမ်လုပ်ငန်းတွေက စစ်တပ်လက်အောက်ခံ တပ်တွေရဲ့ ချုပ်ကိုင်မှုအောက်မှာရှိနေတာကြောင့် စစ်တပ်ကို ဖျက်သိမ်းမှသာ ရပ်တန့်မယ်လို့ Justice For Myanmar-JFM က သဘောထားထုတ်ပြန်လိုက်ပါတယ်။

သတင်း

ရက္ခိုင်ဒေသ စစ်တပ် လေကြောင်းတိုက်ခိုက်မှုများကြောင့် ၂ပတ်အတွင်း အရပ်သား ၇ ဦးသေ၊ ၃၀ ဦးနီးပါး ဒဏ်ရာရ

သတင်း

တနင်္သာရီမြို့နယ် လမိုင်းကော့ကျေးရွာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့ အသက် ၆၀ အရွယ်အမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။