Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂျပန် ကီရင် ဘီယာ ကုမ္ပဏီကို စစ်တပ်နဲ့ဆက်နွယ်မှု ချက်ချင်းအဆုံးသတ်ဖို့ တောင်းဆို

ပြည်သူတွေရဲ့သပိတ်မှောက်မှုကြောင့် စစ်တပ်ပိုင် ဘီယာလုပ်ငန်းရဲ့ ဝင်ငွေရရှိမှုဟာ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကီရင်ရဲ့ ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

ဂျပန် ကီရင် ဘီယာကုမ္ပ ဏီအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်မှုအားလုံးကို ချက်ချင်းအဆုံးသတ်ဖို့ မြန်မာနိုင်ငံအတွက် တရားမျှတမှု ( (Justice For Myanmar) အဖွဲ့က ဒီနေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။

လူထုရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကီရင်ကုမ္ပဏီဟာ စစ်တပ်နဲ့ဆက်နွယ်တဲ့စီးပွားရေးကို အဆုံးသတ်မယ်လို့ ကြေညာခဲ့ပေမယ့် လက်ရှိအချိန်ထိ အကောင်အထည်ဖော်တာမတွေ့ရသေးဘူးလို့ Justic For Myanmar က ဆိုထားပါတယ်။

ကီရင်ကုမ္ပဏီဟာ မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ ဘီယာ လုပ်ငန်းကို ပူးပေါင်းလုပ်ကိုင်နေတာပါ။

ကီရင်ရဲ့နောက်ဆုံးထုတ်ပြန်တဲ့အချက်အလက်တွေကိုကြည့်ရင် ပြည်သူတွေဟာ မြန်မာဘီယာလိုမျိုး စစ်တပ် ထုတ်ကုန်တွေကို ဆန့်ကျင်သပိတ်မှောက်တာက ထိရောက်မှုရှိပြီး စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းတွေရဲ့ဝင်ငွေကို တိုက်ခိုက်ထိခိုက်စေတာတွေ့ရတယ်လို့ Justic For Myanmar က ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ပြည်သူတွေရဲ့သပိတ်မှောက်မှုကြောင့် စစ်တပ်ပိုင် ဘီယာလုပ်ငန်းရဲ့ ဝင်ငွေရရှိမှုဟာ၂၀၂၁ ခုနှစ် ဒုတိယ သုံးလပတ် ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ကီရင်ရဲ့ ထုတ်ပြန်တဲ့စာရင်းအရသိရပါတယ်။

ကီရင်ရဲ့စီးပွားဖက်ဖြစ်တဲ့စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီဟာ စစ်တပ်အတွက်ဝင်ငွေအမြောက်အများ ရအောင် ထောက်ပံ့ပေးနေတာပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငွေကြေး လဲလှယ်မှု အခက်အခဲတွေနဲ့ ဆက်သွယ်ရေး ကဏ္ဍမှာ အရှုံးပေါ်မှုတွေကို ကာမိစေဖို့ ယန်းငွေ ၁၀၅ ဘီလီယံ (ဒေါ်လာ သန်းပေါင်း ၆၉၀)လောက်ကို ဖြစ်နိုင်ခြေငွေအဝင် စာရင်းကနေ ယာယီ ချန်လှပ်ထားရတယ်လို့ KDDIက ဆိုပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းကလည်း ဂျပန်ရဲ့ ဒုံးကျည် အင်ဂျင် တစ်ခုဟာ စမ်းသပ်အဆင့် လွှတ်တင်ရာမှာ စတင် အသက်ဝင်ပြီး စက္ကန့် ၅၀ အတွင်း ပေါက်ကွဲ ပျက်စီးသွားခဲ့ဖူးကြောင်း သိရပါတယ်။

နိုင်ငံတကာ

နာမည်လိမ်နဲ့ နေထိုင်နေတဲ့ ဆာတိုရှီ ကီရီရှီမာက မကွယ်လွန်ခင်အချိန် သူ့ဘဝမှန်ကို ဆေးရုံမှာ ရဲတွေဆီ ဇန်နဝါရီလတုန်းက ဖြောင့်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ သူက ကိုယ့်နာမည် အစစ်အမှန်နဲ့ပဲ သေချင်တယ်လို့ ရဲတွေကို ပြောခဲ့ပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။