Connect with us

Hi, what are you looking for?

News

သမိုင်းတစ်လျှောက် စစ်တပ်ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် တရားမျှတမှုနဲ့တာဝန်ခံမှု ဖော်ဆောင်ရေး ကြိုးပမ်းမယ်လို့ NUG ကြေညာ

၂၀၁၇ က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ဆိုးဝါးတဲ့ ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် NUG က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အမှန်တရားနဲ့ တရားမျှတမှုတို့ရဲ့ အကျိုးအတွက် ပြစ်မှုကျူးလွန်သူတွေရဲ့ တာဝန်ရှိမှုကို ဖော်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

ရိုဟင်ဂျာတွေနဲ့ တစ်နိုင်ငံလုံးက ပြည်သူတွေအပေါ် စစ်တပ်က သမိုင်းတစ်လျှောက်ကျူးလွန်ခဲ့တဲ့ ရာဇဝတ် မှုအားလုံးအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ကိုဖော်ဆောင်နိုင်ဖို့ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က မနေ့က ထုတ်ပြန်ပါတယ်။

၂၀၁၇ က ရိုဟင်ဂျာတွေအပေါ်ကျူးလွန်ခဲ့တဲ့ ဆိုးဝါးတဲ့ ရာဇဝတ်မှုများ လေးနှစ်ပြည့်နှစ်ပတ်လည်အတွက် NUG က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး အမှန်တရားနဲ့ တရားမျှတမှုတို့ရဲ့ အကျိုးအတွက် ပြစ်မှုကျူးလွန်သူတွေရဲ့ တာဝန်ရှိမှုကို ဖော်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့လေးနှစ်က ဖြစ်ပွားခဲ့တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်မှုတွေ၊ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ နေရပ်ရင်းကနေ လူအမြောက်အများ ပြောင်းရွေ့ခဲ့ရမှုတွေကြောင့် ရိုဟင်ဂျာပြည်သူထောင် ပေါင်းများစွာတို့ဟာ အိမ်နီးနားချင်းနိုင်ငံများမှာ ခိုလှုံနေခဲ့ရတဲ့အတွက် NUGက အထူးစိတ်မကောင်းဖြစ်မိတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ဟာလူမျိုး၊ ဘာသာရေး၊ လိင်စိတ်ကွဲပြားမှု သို့မဟုတ် နိုင်ငံရေးယုံကြည်ချက်တို့အပေါ် အခြေခံပြီး အထူးသဖြင့် တိုင်းရင်းသားဒေသများမှာ နေထိုင်ကြသူတွေကို လူသားမျိုးနွယ်တစ်ခုလုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ၊ စစ်ပွဲဆိုင်ရာရာဇဝတ်တွေကိုလည်း ဆယ်စုနှစ်ပေါင်းများစွာ ကျုးလွန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။