Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူစုစုပေါင်း ၁,၀၃၈ ဦးရှိပြီ

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် နှင့် မုံးကိုးမြို့နယ်၊ စစ်ကိုင်းတိုင်း တန့်ဆည်မြို့ နယ်တို့မှ အပြစ်မဲ့ပြစ်သူ ၁၂ ဦးထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလ အတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၃၈ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့(သြဂုတ်လ ၃၀ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၆,၀၃၃) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၉) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

မတ်လကတည်းက ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ခြင်းခံထားရသော ညောင်ရွှေအကျဉ်းထောင် (တောင်လေးလုံးထောင်) ၌ ချုပ်နှောင်ခြင်းခံထားရသည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့မှ ကိုမျိုးမင်းသန့် (ခ) သားငယ်သည် ကိုဗစ်-၁၉ ရောဂါကူးစက်ခြင်းခံထားရသောကြောင့် ညောင်ရွှေအကျဉ်းထောင်မှတစ်ဆင့် စဝ်စံထွန်းဆေးရုံ၌ ဆေးကုသမှု ခံယူနေစဉ် ယမန်နေ့ (ဩဂုတ် ၂၉) တွင် ကျဆုံးသွားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မဒိန်ကျေးရွာအနီးအခြေစိုက်သည့် ခလရ ၅၈ တပ်ရင်းမှ တပ်သားများက မဒိန်ကျေးရွာသား ဦးလုံဘန်ခေါဇုံးကို ဩဂုတ်လ ၂၇ ရက်နေ့ ညအချိန်၌ ပစ်သတ်သွားခဲ့ကြောင်း သိရှိရသည်။ ဦးလုံဘန်ခေါဇုံးသည် မဒိန်ကျေးရွာအထွက် လယ်တောကိုသွားရာမှ အိမ်သို့ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပစ်သတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

Public Service Announcement

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ကပေါင်းကျကျေးရွာကို ဩဂုတ်လ ၂၆ ရက် နံနက် ၃ နာရီခန့်ကတည်းက အကြမ်းဖက်စစ်အုပ်စု၏ တပ်များ စတင်ဝင်ရောက်စီးနင်း၍ တပ်စွဲထားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေသော ဒေသခံရွာသားများကို တောနင်းရှာဖွေကာ လိုက်လံပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။ ဩဂုတ်လ ၂၇ ရက်နေ့တွင် တိမ်းရှောင်ရင်း ကျေးရွာအနောက်ဘက် တဲအတွင်း၌ ထမင်းစားနေသော မောင်နှမ နှစ်ဦးသည် စစ်သားများနှင့်တွေ့၍ ကြောက်လန့်ကာ ထွက်ပြေးရာမှ ပစ်ခတ်ခြင်းခံခဲ့ရပြီး အစ်ကိုဖြစ်သူ ကိုမိုးဆွေဦးမှာ ဝမ်းဗိုက်ကို ကျည်ထိမှန်၍ ကျဆုံးသွားခဲ့ပြီး နှမဖြစ်သူမှာ လက်မောင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် အကြမ်းဖက်စစ်အုပ်စု၏ တပ်များ ကပေါင်းကျကျေးရွာအတွင်း စီးနင်းဝင်ရောက်သည့် ဩဂုတ်လ ၂၆ ရက်နေ့တွင် ဖမ်းဆီးခြင်းခံခဲ့ရသော ကိုဇော်မင်းလေးနှင့် ကိုဟိန်းဇာ၊ နောက်တစ်ရက်တွင် ဖမ်းဆီးခြင်းခံခဲ့ရသည့် ကိုကျော်နိုင်လင်း (ခ) ဂျပန်၊ ကိုဖိုးကြီး နှင့် ကိုပူစီတို့မှာ သတ်ဖြတ်ခြင်းခံခဲ့ရပြီး ၎င်းတို့၏ ရုပ်အလောင်းများကို ကျေးရွာသင်္ချိုင်း၌ ဒေသခံများမှ တွေ့ရှိရကြောင်း သိရှိရသည်။ ကိုဇော်မင်းလေး၏ရုပ်အလောင်း၌ နားထင်တွင် သေနတ်ဒဏ်ရာ၊ ကိုပူစီလေး၌ ရင်ဘတ်ပွင့်ဒဏ်ရာတို့ကို တွေ့ရှိရကြောင်း ပါရှိသည်။

ရှမ်းပြည်နယ် မုံးကိုးမြို့နယ်တွင် ယမန်နေ့ (ဩဂုတ် ၂၉) နံနက်ပိုင်းက အကြမ်း ဖက်စစ်အုပ်စုမှ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် နမ့်ဟာကျေးရွာအတွင်းရှိ နေအိမ်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံလေးဦးဖြစ်သည့် အသက် ၃၂ နှစ်အရွယ် အိုက်အူး၊ အသက် ၁၀ နှစ်အရွယ် မောင်အောင်ခိုင်၊ အသက် ၆၃ နှစ်အရွယ် ဒေါ်အီမောန်း နှင့် အသက် ၈၂ နှစ်အရွယ် ဒေါ်အီမိုး တို့ကို ထိမှန်ကာ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။