Connect with us

Hi, what are you looking for?

News

စစ်ကောင်စီခန့် MIC ခွင့်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခုကို လုပ်ငန်းများရပ်ဆိုင်းရန် NUGပြန်ထုတ်

တားမြစ်ချက်ကို လိုက်နာခြင်းမရှိသော ကုမ္ပဏီများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဟုလည်း ဖော်ပြထားသည်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ထံမှခွင့်ပြုမိန့်၊ အတည်ပြုမိန့်များရယူပြီးရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့်ကုမ္ပဏီများ၏တရားမဝင်ရင်းနှီးမြှုပ်နှံမှုများကိုချွင်းချက်မရှိရပ်ဆိုင်းထားရန်အထူးသတိပေးတားမြစ်ကြောင်း အမျိုးသားညီညွတ် ရေးအစိုးရ(NUG)စီမံကိန်း၊ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါ ဝန်ကြီးဌာန၏ ဩဂုတ် ၃၀ရက် ကြေညာချက်တွင် တရားမဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ စာရင်းကို ပူးတွဲဖော်ပြခဲ့ရာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု အပြင် ဂျပန်၊ တရုတ်၊ စင်္ကာပူ၊ ထိုင်း သည့် နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၈ခု ပါဝင်သည်။

တားမြစ်ချက်ကို လိုက်နာခြင်းမရှိသော ကုမ္ပဏီများကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက် သွားမည်ဟုလည်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်အာဏာအား တရားမဝင်လုယူခဲ့သည့် ဖေဖော်ဝါရီ ၁ရက်မှစပြီး ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်သည့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်၊ အတည်ပြုမိန့်များ ထုတ်ပေးခြင်းကို ချွင်းချက်မရှိရပ်ဆိုင်းထားကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ က ခန့်အပ်တာဝန်ပေးအပ်သည့် ခေတ္တပြည်ထောင်စုဝန်ကြီး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

Public Service Announcement

Public Service Announcement

ယင်းကြော်ငြာစာကို အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက အတည်ပြုဆက်ခံကြောင်း မေလ ၁၆ရက်က ကြေညာထားသကဲ့သို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီး မြှုပ်နှံမှုဝန်ကြီးဌာနက လည်း တာဝန်ယူမှုရှိသော လုပ်ငန်းများအတွက် လမ်းညွှန်ချက်ကို ဇူလှိုင် ၂၁ ရက်က ထုတ်ပြန်ခဲ့သည်။ ယင်းထုတ်ပြန်ချက်တွင်အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုသည့် မည်သည့်ရင်းနှီးမြှုပ်နှံမှု အသစ်ကို မဆို အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့်အသိအမှတ်ပြုလက်ခံမည် မဟုတ်ကြောင်း ဖော်ပြခဲ့သည်။

NUG က ချမှတ်ကျင့်သုံးလျက်ရှိသည့် မူဝါဒတိုင်းသည် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်၏ အနှစ်သာရကို ထင်ဟပ်စေမည့် မူဝါဒမျိုးကိုသာ အခြေပြုရေးဆွဲလျက်ရှိကြောင်း၊ ယင်း မူဝါဒ များတွင် ရင်းနှီးမြုပ်နှံမှုဆိုင်ရာမူဝါဒ သည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထးသည်။

စစ်ကောင်စီ လက်အောက်ခံ MIC အနေဖြင့် ရင်းနှီးမြှုပ် နှံမှုဆိုင်ရာ အတည်ပြုမိန့်၊ ခွင့်ပြုမိန့်တွေကို အလျင်စလို၊ လက်လွတ်စပယ် ထုတ်ပေးနေ ခြင်းသည် ပြည်သူတရပ်လုံး လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို မျက်ကွယ်ပြု၍ ကျော်လွန်ဆောင်ရွက်ရာရောက်သော ကြောင့် သည်းခံခွင့်လွှတ်နိုင်ဖွယ် မရှိကြောင်း NUG ၏ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။