Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့် ပြည်သူပေါင်း ၁,၀၄၁ဦးရှိလာ

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှ အပြစ်မဲ့ပြစ်သူတစ်ဦးထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော် လှန်ရေး) ကာလအတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၁ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ်မှ အပြစ်မဲ့ပြစ်သူတစ်ဦးထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော် လှန်ရေး) ကာလအတွင်းကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၁,၀၄၁ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း ထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ စက်တင်ဘာလ ၁ ရက်နေ့ထိတိုင် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၆,၁၀၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၆၀ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁,၉၈၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ချောင်းဒေါင်းကျေးရွာရှိ ဧရာဝတီသွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးကိုနီ၏ နေအိမ်ကို ယမန်နေ့ (ဩဂုတ် ၃၁) ည ၈ နာရီဝန်းကျင်တွင် ပျူစောထီးအဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် ဦးကိုနီ၏ သားဖြစ်သူ ကိုမင်းထက်ကိုသည် ဝမ်းဗိုက်ကို ကျည်ထိမှန်ခဲ့ပြီး မြင်းခြံဆေးရုံ၌ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ညီဖြစ်သူ ကိုလူအေးမှာ ဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေသည်ဟု သိရှိရသည်။ ၎င်းတို့သည် ဦးကိုနီကို လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ဦးကိုနီကို မတွေ့သည့်အတွက် တွေ့သည့်သူကို ပစ်ခတ်သွား ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Eleven သတင်းဌာန၏ မြိတ်အခြေစိုက် သတင်းထောက်ဖြစ်သူ ကိုဇော်မိုးဦးအား စစ်သား နှင့် ရဲများမှ ယနေ့ (စက်တင်ဘာ ၁) နံနက်အစောပိုင်းတွင် နေအိမ်၌ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။ ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအခြေစိုက်သတင်းဌာနတစ်ခုဖြစ်သည့် Delta News Agency ၏ သတင်းထောက်ဟောင်း ကိုမျိုးစံစိုးကို ဖျာပုံမြို့နယ်ရဲတပ်ဖွဲ့မှ စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ဩဂုတ်လ ၂၉ ရက်နေ့ ညနေပိုင်းတွင် နေအိမ်၌ ဖမ်းဆီးသွားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

ချင်းပြည်နယ် မတူပီမြို့နယ် ခြန်းပြန်းကျေးရွာမှ သြဂုတ်လ ၂၀ ရက်နှင့် ၂၂ ရက်များတွင် ဖမ်းဆီးခြင်းခံခဲ့ရသော လူငယ် လေးဦးကို လူမှုကွန်ရက်စာမျက်နှာ(Facebook)၌ NUG ပရိုဖိုင်းချိန်းထားခြင်းကြောင့်ဟုဆိုကာ အကြမ်းဖက်စစ်အုပ်စုမှ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂ (က) ဖြင့် ဩဂုတ်လ ၂၄ ရက်နေ့တွင် အမှုဖွင့်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါ လူငယ် လေးဦးမှာ ကိုဒီဇင်ထန်း၊ ကိုထယ်တွီး၊ ကိုထောင်ပိန်း နှင့် ကိုစန်သိန်းတို့ဖြစ်ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

Facebook