Connect with us

Hi, what are you looking for?

News

ဘကြီးမိုးကွယ်လွန်

ခင်မင်လေးစားသူတွေက ဘကြီးမိုးလို့ ခေါ်ဝေါ်ကြတဲ့ ဆရာကြီးမောင်မိုးသူဟာ ဒီနေ့ ည ၆ နာရီ ၅၁မိနစ်မှာဆုံးပါးသွားတာပါ။

ထင်ရှားတဲ့ စာရေးဆရာကြီးမောင်မိုးသူဟာ ဒီနေ့ ည ပိုင်းက ကွယ်လွန်သွားပြီဖြစ်ပါတယ်။

ခင်မင်လေးစားသူတွေက ဘကြီးမိုးလို့ ခေါ်ဝေါ်ကြတဲ့ ဆရာကြီးမောင်မိုးသူဟာ ဒီနေ့ ည ၆ နာရီ ၅၁မိနစ်မှာဆုံးပါးသွားတာပါ။

ဘကြီးမိုးဟာ ထင်ရှားတဲ့ စာရေးဆရာတစ်ဦးဖြစ်လို ရုပ်ရှင်ဇာတ်ကားများရိုက်ကူးရာမှာလည်း အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်ခဲ့ပါတယ်။

ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စတင်တည်ထောင်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အာဏာရှင်အဆက်ဆက်ကို ဖီဆန်တော်လှန်ခဲ့တာကြောင့် ၁၉၅၈ မှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌအဖြစ်တကြိမ် ၊ ၁၉၈၉ မှ ၁၉၉၂ ထိတကြိမ် ၊ ၁၉၉၆ မှ ၂၀၀၀ ခုနှစ်တကြိမ် သုံးကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

ဘာသာပြန်နဲ့ ပင်ကိုရေးစာအုပ်တွေ ၊ ရုပ်ရှင်တွေ ရေးသားရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ကွန်လွန်ချိန်မှာတော့အသက် ၈၄ နှစ်ရှိပြီလို့သိရပါတယ်။

ဘကြီးမိုးဟာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝကနေ ရုပ်ရှင်ဒါရိုက်တာ ၊ စာရေးဆရာ ၊ ပန်းချီဆရာ ဘဝတွေကို ဖြတ်သန်းခဲ့သလို ၁၉၉၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စတင် ထူထောင်သူတွေထဲ တစ်ဦးဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

မန္တလေးမြို့က ထင်ရှားတဲ့ စာရေးဆရာ သင့်နော် ဒီကနေ့ စက်တင်ဘာ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပါတယ်။