ထင်ရှားတဲ့ စာရေးဆရာကြီးမောင်မိုးသူဟာ ဒီနေ့ ည ပိုင်းက ကွယ်လွန်သွားပြီဖြစ်ပါတယ်။
ခင်မင်လေးစားသူတွေက ဘကြီးမိုးလို့ ခေါ်ဝေါ်ကြတဲ့ ဆရာကြီးမောင်မိုးသူဟာ ဒီနေ့ ည ၆ နာရီ ၅၁မိနစ်မှာဆုံးပါးသွားတာပါ။
ဘကြီးမိုးဟာ ထင်ရှားတဲ့ စာရေးဆရာတစ်ဦးဖြစ်လို ရုပ်ရှင်ဇာတ်ကားများရိုက်ကူးရာမှာလည်း အောင်မြင်တဲ့ ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်ခဲ့ပါတယ်။
ဒါအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စတင်တည်ထောင်သူတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။
အာဏာရှင်အဆက်ဆက်ကို ဖီဆန်တော်လှန်ခဲ့တာကြောင့် ၁၉၅၈ မှာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌအဖြစ်တကြိမ် ၊ ၁၉၈၉ မှ ၁၉၉၂ ထိတကြိမ် ၊ ၁၉၉၆ မှ ၂၀၀၀ ခုနှစ်တကြိမ် သုံးကြိမ်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

Public Service Announcement
ဘာသာပြန်နဲ့ ပင်ကိုရေးစာအုပ်တွေ ၊ ရုပ်ရှင်တွေ ရေးသားရိုက်ကူးခဲ့သူလည်းဖြစ်ပါတယ်။ ကွန်လွန်ချိန်မှာတော့အသက် ၈၄ နှစ်ရှိပြီလို့သိရပါတယ်။
ဘကြီးမိုးဟာ မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂခေါင်းဆောင်ဘဝကနေ ရုပ်ရှင်ဒါရိုက်တာ ၊ စာရေးဆရာ ၊ ပန်းချီဆရာ ဘဝတွေကို ဖြတ်သန်းခဲ့သလို ၁၉၉၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံကြီးမှာပါဝင်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို စတင် ထူထောင်သူတွေထဲ တစ်ဦးဖြစ်ပါတယ်။
