Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်နေရာယူထားသည့်တောင်ကုန်းကို ကိုးကန့်တပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ ဇူလိုင်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေရာ ဩဂုတ်လကုန်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

People's Spring
People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုးဒေသ၌ စစ်ကောင်စီတပ်နေရာယူထားသည့် တောင်ကုန်း တစ်ခုကို ယနေ့တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က သတင်းထုတ်ပြန် သည်။

ဩဂုတ် ၃၀ ရက်ညပိုင်းတွင် စစ်ကောင်စီတပ်က အခြေ ချနေရာယူခဲ့သည့် တောင်ကုန်းတစ်ခုကိုစက်တင်ဘာ ၁ရက်တွင် MNDAA တပ်မှ ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ၈ဦးသေဆုံးခဲ့ပြီး MNDAA ဘက်မှ ၃ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

တောင်ကုန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သော် လည်း နယ်စပ်တစ်၀ိုက်တွင် စစ်ကောင်စီတပ်များ ရှိနေသေး၍ ဆက်လက်ထိုးစစ်ဆင်လာပါက တိုက်ပွဲ ပြင်းထန်နေမည်ဖြစ်ကောင်း MNDAA ၏ တိုက်ပွဲဝင်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

MNDAAနှင့် စစ်ကောင်စီတပ်တို့သည် မုံးကိုးဒေသ၌ ဇူလိုင်ကတည်းက တိုက်ပွဲများ ဖြစ်ပွားနေရာ ဩဂုတ်လကုန်ပိုင်း၌ တိုက်ပွဲများ ပြင်းထန်ပြီး စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

Public Service Announcement

Public Service Announcement

သြဂုတ်၃၀ ရက် တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အနည်းဆုံး ၅ဦးသေဆုံး ၁၀ဦးကျော် ဒဏ်ရာရခဲ့ပြီး MNDAA ဘက်က ၁ဦးကျဆုံး ၂ဦးဒဏ်ရာရခဲ့သည်ဟုထုတ်ပြန်ခဲ့သည်။

သြဂုတ် ၃၁ရက်က တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ အနည်းဆုံး (၁၀)ဦး သေဆုံးပြီး MNDAA ဘက်မှ (၁) ဦးကျဆုံးခဲ့သည်ဟုဆိုသည်။ စစ်ကောင်စီတပ်ထံမှ MG-3 စက်လက် တစ်လက် သိမ်းပိုက်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

လတ်တလောတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ အထိနာခဲ့သော်လည်း အင်အားများ ဆက်လက်စုစည်းပြီး မုံးကိုးဒေသသို့ ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

MNDAA ၏ တော်လှန်ရေးလမ်းစဉ်သည် တိုင်းရင်း သားအသီးသီးတို့၏ ရသင့်ရထိုက်သော နိုင်ငံရေးအခွင့်အရေးများ ဖော်ဆောင်ပေးရန်ဖြစ်၍ နိုင်ငံတော်ကို ဖျက်ဆီးနေသော အာဏာသိမ်းစစ်ကောင်စီ အား လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ဖြင့် တစိုက်မတ်မတ် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။