Connect with us

Hi, what are you looking for?

News

မြင်းခြံမြို့တွင် တပ်မ​တော်သား နှစ်ဦး ပြည်သူ့ရင်ခွင်ခိုလှုံ

“လက်နက်တွေလည်း ပါသွားတယ်ကြားတယ်။ ခုထိတော့ ရှာတွေ့သံမကြားသေးဘူး။”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း မြင်းခြံမြို့တွင် ယမန်နေ့ညက အာဏာသိမ်းစစ်ကောင်စီတပ်မှ
စစ်သား ၂ ဦး ထွက်ပြေး၍ ပြည်သူ့ရင်ခွင်ခိုလှုံသွားကြောင်းမြို့ခံများက ပြောသည်။

အလင်းရောင်ကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သား ၂ ဦးသည် ယမန်နေ့ညက ဆိုင်ကယ်တစ်စီးဖြင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။ စစ်သား ၂ ဦးထွက်​ပြေးပြီး​နောက်ယနေ့ (စက်တင်ဘာလ ၃ ရက်) နံနက်၃နာရီခန့်မှစ၍ စစ်​ကောင်စီတပ်များက အသွားလာများသည့်နေရာများ၌ ဆိုင်ကယ်နှင့်ကားများအားပိတ်ဆို့ စစ်ဆေးနေကြောင်း မြို့ခံများကပြောသည်။

“လက်နက်တွေလည်း ပါသွားတယ်ကြားတယ်။ ခုထိတော့ ရှာတွေ့သံမကြားသေးဘူး။”ဟု မြင်းခြံမြို့ခံတစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်​ကောင်စီ၏ မတရား​သောအမိန့်များကို မနာခံ​​တော့ဘဲ ပြည်သူနှင့် ပူး​ပေါင်းလာ​သော တပ်မ​တော်သားများမှာ ၁၅၀၀ ​ကျော်မှ ၂၀၀၀ အတွင်းရှိလာပြီဖြစ်​ကြောင်း CDM ပြုလုပ်​သောတပ်မ​တော်သားများကို ကူညီ​ပေး​နေ​သော ပြည်သူ့ရင်ခွင်အဖွဲ့က ထုတ်ပြန်ထားသည်။ ထိုအပြင် ယခုရက်ပိုင်းအတွင်မှာပင် ပြည်သူ့ရင်ခွင်ခိုလှုံလာ​သော တပ်မ​တော်သားများစွာရှိ​နေသဖြင့် ၎င်းတို့အဆင်​ပြေရန် ကူညီ​ပေး​နေ​ကြောင်း ပြည်သူ့ရင်ခ့င်အဖွဲ့ မှ ဗိုလ်ကြီးလင်းထက်​အောင်ကလည်း​ ၎င်း၏​ဖေစ့်ဘွခ်တွင်​ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညတ်​ရေးအစိုးရ (NUG) က ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောတပ်မ​တော်သားများကို လုံခြုံ​ရေး တာဝန်ယူသည့်အပြင် ၊လုပ်သက် ၊ရာထူး၊ ပင်စင် ၊မိသားစုလုံးခြုံ​ရေး ၊ဘဝ​ရပ်တည်​ရေးများကိုပါတာဝန်ယူစီစဥ် ​ပေးမည်ဖြစ်ပြီး ၊ပြည်သူ့ရင်ခွင်အမြန်ခိုလှုံကြရန် တိုက်တွန်းထားသည်။ ပြည်သူ့ရင်ခွင်မခိုလှုံဘဲ အာဏာသိမ်းစစ်​ကောင်စီ ​တွင်ဆက်လက်တာဝန်ထမ်း​ဆောင်သူများကို PDFနှင့်မဟာမိတ်တပ်ဖွဲ့များက ပြင်းထန်စွာဓါတ်ခတ်အ​ရေးယူမည်ဟုလည်းသတိ့​ပေးထားသည်။

မြင်းခြံမြို့နယ်တွင် ဩဂုတ်လအတွင်း စစ်ကောင်စီ၏ ဥပဒေမဲ့ အဓမ္မ ဖမ်းဆီးခံရသူ စုစုပေါင်း ၄၆ဦး ရှိခဲ့ပြီး ၈လသားကလေးငယ် အပါအဝင် စစ်ကောင်စီကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် ပြည်သူ စုစုပေါင်း ၅ ဦးရှိခဲ့၍ ကုသဆဲ ၁ ဦးရှိခဲ့ကြောင်း၊ ၎င်းစာရင်းသည် ညအိပ်ဖမ်းဆီးထိန်းသိမ်း ခံရသူများနှင့် မလွတ်မြောက်သေးသူများအား စာရင်းပြုစုထားခြင်း ဖြစ်ပြီး ကော်မတီမှမသိရှိရသော ဥပဒေမဲ့ ဖမ်းဆီးခံရသူများလည်းရှိနိုင်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ဖက်ပင်အိုင်ကျေးရွာကို စစ်တပ်စီးနင်းပစ်ခတ်မှုအတွင်း သက်ကြီးရွယ်အိုတွေ အပါအဝင်ပြည်သူ ၇ဦး သေဆုံးကာ ပိတ်မိနေတဲ့ ပြည်သူတွေကို ကယ်ထုတ်ရင်း ပြည်သူ့ကာကွယ်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့တယ်လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ ဆုံရွာမှစစ်ကောင်စီတပ်ဖွဲ့ဝင်များလိုက်ပါလာသည့် ထော်လာဂျီ နှင့် ဆိုင်ကယ်များကိုPFများကပြောက်ကျားတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်ဦးသေဆုံးပြီး လက်နက်များသိမ်းဆည်းနိုင်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် (၄-၁၀)တပ်ရင်းကယ​နေ့ညတွင်ထုတ်ပြန်သည်။