Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံမြောက်ခြမ်း အိုင်းမရွာ ဒေသခံတွေကို စစ်တပ် ဖမ်းဆီးပြီး နေအိမ်တွေကို မီးရှို့

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

ဒီဇင်ဘာ-၂၃၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ မြင်းခြံမြို့ရဲ့မြောက်ဘက်က အိုင်းမရွာကို စစ်တပ် ဝင်ရောက်ခဲ့ပြီး ပြည်သူတွေကိုဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

ဒီဇင်ဘာ ၂၂ ရက် မနေ့က မနက် ၁၁နာရီလောက်မှာ စစ်ကောင်စီ ခမရ(၁၅)တပ်က တပ်သားတွေက အိုင်းမရွာကို ဝင်ရောက်ပြီး ပြည်သူတွေကို ဖမ်းဆီးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာလို့ ဆိုရပါတယ်။

“မနေ့က တနေကုန် ရှို့နေတာဆိုတော့ တော်တော်များလောက်တယ်။ အခုထိစစ်သားတွေရွာထဲမှာပဲ ရှိနေသေးတယ်။ ပြည်သူတွေကိုလည်း ဖမ်းထားတုန်းပဲ”လို့ မြို့နယ်ပကဖတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူ ၁၀ဦးဝန်းကျင် ဖမ်းဆီးခံထားရတယ်လို့ သိရပြီး စစ်ကြောင်းရှိနေသေးတာမို့ အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။

ဒါ့အပြင် မနေ့ညပိုင်းက အိုင်းမရွာအနီးကို စစ်တပ်က Paramoter (စက်တပ်လေထီး)နဲ့ လာရောက် ဗုံးကြဲခဲ့သေးတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ခမရ(၁၅)တပ်တွင်းကနေလည်း မြင်းခြံမြို့အနီးက ကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် စစ်တောင်မြစ်အရှေ့ဘက်ခြမ်းမှာ စစ်တပ်က စစ်ကြောင်းထို နေအိမ်တွေ မီးရှို့ပြီး ဘုရားဆင်းတုတော်တွေခိုးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်