Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ ဆုံရွာ နဲ့အနီးတဝိုက် တိုက်ပွဲပြင်းထန်

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ – ၂၃ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း ၊ မြင်းခြံနယ် အတွင်းက ဆုံရွာအပါအဝင် အနီးတဝိုက်က ကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လေကြောင်းကိုအားပြုတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဆုံရွာ ၊ရွာကြီး ၊ ကံနှောင်း ၊ ကျောက်ပြုတ်စတဲ့ ရွာတွေဘက်မှာတော် လှန်ရေးတပ်တွေနဲ့ ဒီဇင်ဘာလ ၂၁ ရက်ကစတင်တိုက်ပွဲဖြစ်နေတာပါ။

ဆုံရွာတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်ပွဲကို စီးမိနေချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ကူယူခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီလေတပ်ရဲ့တိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင် ငါးဦး အကျအဆုံးရှိတယ်လို့ကနဦးသိထားရပါတယ်။

မြင်းခြံခရိုင် တပ်ရင်း- ၇နဲ့ မန္တလေးခရိုင် တပ်ရင်း – ၅ က တပ်ဖွဲ့ဝင်တွေ ပါဝင်တယ်လို့သိရပေမယ့် မြေပြင်တော်လှန်ရေးအဖွဲ့တွေဘက်က လတ်တလောထုတ်ပြန်တာမရှိသေးပါဘူး။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဆုံရွာတိုက်ပွဲမှာ တော်လှန်တပ်ဖွဲ့တွေဘက်က ရှစ်ဦးကျဆုံးတယ်ဆိုပြီး ဓာတ်ပုံတွေနဲ့ ဝါဒဖြန့်နေပါတယ်။

မနေ့ (ဒီဇင်ဘာလ ၂၃ ရက်) ကဆိုရင် မြင်းခြံမြို့ မြောက်ခြမ်းက အိုင်းမကျေးရွာကို စစ်ကြောင်းထိုးတဲ့စစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရသလို ရွာလည်းမီးရှို့ခံရတယ်လို့သိရပါတယ်။

“ ဒဏ်ရာရသူတစ်ယောက်ကတော့ ပေါင်းရင်းပြုတ်ထွက်မတက် ဒဏ်ရာရရှိထားသူပါတယ်၊ စိုးရိမ်ရတဲ့ အခြေနေပေါ့ ၊အနားကပ်မရတော့ အခြေနေအားလုံးမသိရဘူးး ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

မြင်းခြံမြို့ မြောက်ခြမ်းက တလုတ်မြို့ရွာလည်း မီးရှို့ခံရတယ်လို့ရပါတယ်။

မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို ပြီးခဲ့တဲ့စက်တင် ဘာလကတည်းက စတင် စစ်ကြောင်းထိုးလာတဲ့အတွက် ဒေသခံပြည်သူ တစ်သောင်းနီးပါးက လွတ်ရာကို တိမ်းရှောင်နေရဆဲပါ။

ဓာတ်ပုံ – Google Earth

ဆက်စပ်သတင်းများ

သတင်း

အင်းတော်-ဝန်းသိုလမ်းပိုင်းမှာ​ အောက်တိုဘာ ၂၉ ရက်​နေ့ကဖြစ်ပွားတဲ့တိုက်ပွဲအတွင်း စစ်တပ်ကသေဆုံးထိခိုက်သူများပြီးပြန်ဆုတ်​ပြေးသွားရကာ PDF ​တွေကလက်နက်ခဲယမ်း အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သတင်း

စစ်ကြောင်းမှူးဒဏ်ရာရပြီး စစ်တပ်စစ်ကြောင်းပျက် ဆုတ်ခွာထွက်ပြေးသွား

သတင်း

ဗန်းမော်မြို့အနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပူးပေါင်းတပ်တွေက စစ်ရေးအရှိန်မြှင့်ထားစဉ် မိုးမိတ်မြို့အနီးမှာလည်း တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် စစ်တပ်ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ရဲ့ အနောက်ဘက်ခြမ်းမှာရှိတဲ့ မိုးစိန်းကျွန်းကို သိမ်းပိုက်နိုင်ဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနရဲ့ အောက်တိုဘာ ၂၈ရက် သတင်းဖော်ပြပါတယ်။