Connect with us

Hi, what are you looking for?

News

တောင်သာမြို့နယ်တွင် ​မီတာခနှင့် ချေး​ငွေမ​ကောက်ရန် TTA ​ပျောက်ကျားအဖွဲ့သတိပေး

အတင်းကြပ်တောင်းခံလာပါက သက်သေနှင့်တကွTTA ပြောက်ကျားအဖွဲ့သို့ ဆက်သွယ်သတင်းပေးနိုင်သည်ဟု TTA ပြောက်ကျားတပ်အသိပေးထားသည်။

မန္တလေးတိုင်း တောင်သာမြို့နယ်တွင်နေထိုင်သော ပြည်သူများထံမှ လျှပ်စစ်မီတာခများနှင့် ဘဏ်နှင့် ပုဂ္ဂလိကငွေချေးအသင်းများမှ ချေးငွေများ ငွေကြေးအတင်း အကြပ် တောင်းခံခြင်းမပြုရန် တောင်သာမြို့နယ်ရှိ TTA ပြောက်ကျားတပ်ဖွဲ့က စက်တင်ဘာ၃ ရက်တွင် သတိပေးသည်။

စစ်အာဏာရှင်၏ ဖိနှိပ်မှုများကြောင့် ပြည်သူများ ငွေရေးကြေးရေး ကျပ်တည်းဒုက္ခရောက်နေချိန် ချေးငွေများ အတင်းအကြပ် တောင်းခံခြင်း၊ လျှပ်စစ်မီတာခများ အတင်းအကြပ်ဆောင်ခိုင်းခြင်းများ မပြုလုပ်ရန် တောင်သာမြို့နယ်အတွင်းရှိ မြန်မာ့ စိုက်ပျိုးရေးဘဏ်၊ သမဝါ ယမ၊ပတ်မြန်မာ၊ ဒွန်း၊တူးတူးဖိုက်၊ဘရက်အစရှိသည့် အဖွဲ့အစည်းများ၊ ချေးငွေဆိုင်ရာ ကုမ္ပဏီဝန်ထမ်းများ၊ လျှပ်စစ်ဝန်ထမ်းများ၊ စစ်ကောင်စီခန့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှုးများ၊ ရပ်ကျေးစာရေးများအား TTA ပြောက်ကျားတပ်ဖွဲ့က သတိပေးခဲ့သည်။

“မီတာစာရွက်တွေလည်း လာဝေနေတယ်။ မီးလည်းခဏခဏပျက်တယ်”ဟု တောင်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

အတင်းကြပ်တောင်းခံလာပါက သက်သေနှင့်တကွTTA ပြောက်ကျားအဖွဲ့သို့ ဆက်သွယ်သတင်းပေးနိုင်သည်ဟု TTA ပြောက်ကျားတပ်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် သြဂုတ်၁၉ ရက် ညနေ ၆ နာရီအချိန်က လှည်းသွင်း ငွေချေးလုပ်ငန်းမှ အမျိုးသမီးဝန်ထမ်းနှစ်ဦးသည် နေအိမ်သို့ပြန်လာစဥ် တုတ်၊ ဓါးလက်နက်များ ကိုင်ဆောင်ထားသည့် အမျိုးသား ၈ ဦးက ဇရပ်အတွင်းမှ ထွက်၍ အဆိုပါ အမျိုးသမီးနှစ်ဦးထံမှ ပိုက်ဆံများနှင့် ဖုန်းများကို ဓါးပြတိုက်လုယူခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် ငွေချေးလုပ်ငန်းမှ ဝန်ထမ်းအမျိုးသမီးတစ်ဦး နှင့် တောင်သူတစ်ဦးတို့ ဓားဒဏ်ရာများ ရရှိခဲ့ပြီး ကျပ် ၁၇ သိန်းကျော် ဆုံးရှုံးခဲ့သည်ဟု နယ်ခံများက ပြောသည်။

ထိုဖြစ်စဥ်ကြောင့် ရေဦးနယ်နှင့်ထိဆက်နေသည့် တန့်ဆည် PDF အဖွဲ့က မသမာသူလူတစ်စုကနိုင်ငံရေးအမြတ်ထုတ်၍လည်းကောင်း၊တော်လှန်ရေးရဲဘော်လူငယ်များကို ပြည်သူများနှင့်သွေးခွဲရန် ရည်ရွယ် ၍လည်းကောင်းလူသတ်ခြင်း၊ ပစ္စည်းလုခြင်းများ လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အသေးစားချေးငွေလုပ်ငန်း၊ ချေးငွေလုပ်ငန်းကြီးများ လုပ်ဆောင်နေသူများ၊ ဝန်ထမ်းများအပေါ်လည်း တစ်စုံတစ်ခုသော အန္တရာယ် ကျရောက်လာနိုင်ကြောင်း၊ ထို့ကြောင့် မိမိတို့လုံခြုံရေးကို တွေးဆ၍ အေးချမ်းသည့်အချိန်အထိ ချေးငွေလုပ်ငန်းများကို ရပ်ဆိုင်းထားပေးပါရန် မေတ္တာရပ်ခံခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုငိး၊ တောင်သာမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာတွေ ဆက်တိုက်မီးရှို့ နေကာ မနေ့က သဲတောကျေးရွာကို ထပ်မံမီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ သီတာယုမွန်ရဲ့ ပျူစောထီးတွေက အသက်မပြည့်‌‌ သေးသူနဲ့သက်ကြီးရွယ်အို တွေအပါအဝင် အမျိုးသမီး၆ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။