Connect with us

Hi, what are you looking for?

သတင်း

သီတာယုမွန်ရဲ့ပျူစောထီးတွေက ဒေသခံအမျိုးသမီးတွေကို အုပ်စုဖွဲ့အဓမ္မပြုကျင့်

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ သီတာယုမွန်ရဲ့ ပျူစောထီးတွေက အသက်မပြည့်‌‌ သေးသူနဲ့သက်ကြီးရွယ်အို တွေအပါအဝင် အမျိုးသမီး၆ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာကို သီတာယုမွန်ရဲ့ ပျူစောထီးတွေမီးရှို့ဖျက်ဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ − တောင်သာလူထုလှုပ်ရှားမှု ကော်မတီ

စက်တင်ဘာ−၂၆ ၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊တောင်သာမြို့နယ်၊ရုံးစည်ကြီးကျေးရွာမှာ တပ်စွဲထားတဲ့ သီတာယုမွန်ရဲ့ ပျူစောထီးတွေက အသက်မပြည့်‌‌ သေးသူနဲ့သက်ကြီးရွယ်အို တွေအပါအဝင် အမျိုးသမီး၆ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုံးစည်ကြီးရွာကို စက်တင်ဘာ ၁၀ ရက်က သီတာယုမွန်ရဲ့ ပျူစောထီးစစ်ကြောင်း ဝင်ရောက်လာပြီးနောက် စက်တင်ဘာ ၁၁ရက်ကစတင်ကာ ယခုလို အဓမ္မပြုကျင့်တာ တွေစတင်ခဲ့တာလို့ ဒေသခံတဦး က ပြောပါတယ်။

စက်တင်ဘာ၁၁ ရက်နေ့မှာ အမျိုးသားကိုဖမ်းဆီးထားပြီး ည၈နာရီမှာ ဇနီးဖြစ်သူကို ထမင်းလာပို့ဖို့ ပြောကာ ဇနီးဖြစ်သူ ထမင်းလာပို့ချိန်မှာ ပျူစောထီး ၄ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အသက် (၁၆)နှစ် အရွယ်အမျိုးသမီးငယ်ကို ပုန်းနေရာမှ ဖမ်းဆီးပြီး ဝိုင်းအဓမ္မပြုကျင့်ခဲ့သလို စက်တင်ဘာ၁၇ ရက်နေ့မှာ အသက်(၂၇)ဝန်းကျင် အမျိုးသမီးနှစ်ဦးကိုလည်း မိဘဆွေမျိုးတွေနဲ့ရှိ‌‌စဉ် အားလုံးကို အိမ်အပြင်ထွက်ခိုင်းကာ ပျူ‌စောထီး ၃ဦးက အဓမ္မပြုကျင့်ခဲ့တာလို့လည်း သိရပါတယ်။

စက်တင်ဘာ၁၆ ရက်ကလည်း ကျေးရွာအတွင်းက အသက်(၁၆)နှစ်အရွယ် အမျိုးသမီးငယ်ကိုဖမ်းဆီး ထပ်မံအဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အသက် (၆၀)နီးပါးအရွယ်ရှိ အမျိုးသမီးကြီး ရေချိုးနေစဉ် ရွာထဲကို စစ်ကြောင်းလှည့်ချိန်နဲ့ တွေ့ပြီး ပျူစောထီး ၈ဦးက အဓမ္မပြုကျင့်ခဲ့တယ်လို့လည်း သိရပါတယ်။

“သူကတော့ ကျန်းမာရေး တော်တော်ချို့ယွင်းသွားလို့ ဆေးကုသမှုခံယူ နေရတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။

ဒီပျူစောထီးစစ်ကြောင်းဟာ အမျိုးသမီး၇ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပြီး တဦးကိုတော့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုပြုလုပ်ပြီး ပြန်လွှတ်ပေးကာ ကျန်၆ဦးဟာ အဓမ္မပြုကျင့်ခံခဲ့ရတာပါ။

အဲဒီစစ်ကြောင်းကပဲ ကျေးရွာအတွင်းကဒေသခံ အမျိုးသား၂ဦးကိုလည်း စစ်တပ်ကသတ်ဖြတ်သွားတယ်လို့သိရပါတယ်။

“စက်တင်ဘာလ၁၇၊၁၈ ရက်လောက်ကဖြစ်မယ်ဗျ။နယ်မြေရှင်းမှအလောင်း တွေ့တာ”လို့ ဒေသခံ နောက်တဦး ကပြောပါတယ်။

ဒီဖြစ်စဉ်မှာပါဝင်တဲ့အမျိုးသမီးတချို့ဟာ ပျူစောထီးတွေက ၎င်းတို့ နေထိုင်ရာအထိုင်စခန်းအထိ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရသူ တွေလည်းရှိပြီး သီချင်းဆို၊ကပြခိုင်းကာ အကြိမ်ကြိမ်အဓမ္မပြုကျင့်တာ တွေလည်းရှိတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ အထိုင်အနည်းငယ်သာ ချန်ပြီး မလှိုင်မြို့နယ်ဘက်ပြန်ထွက်သွားသလို အဓမ္မပြုကျင့်ခံခဲ့ရတဲ့ အမျိုးသမီးတွေလည်း ပြန်လည်လွတ်မြောက်လာပြီလို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။

သတင်း

မန္တလေးမြို့၊မဟာအောင်မြေကျောက်ဝိုင်းအတွင်းမှာ ပျူစောထီးတွေ ခြိမ်းခြောက်ငွေတောင်းနေလို့အခက်အခဲ ဖြစ်နေကြောင်း ကျောက်လုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။