Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်သာမြို့နယ်မှာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ-TTA PDF

စက်တင်ဘာ-၁၀၊၂၀၂၅။ဇော်ဝင်း၊ကဖီး/People’s Spring

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က(စက်တင်ဘာ ၉ရက်)ကစပြီး မလှိုင် မြို့နယ်ကနေ တောင်သာမြို့ဘက်ခြမ်းကို စစ်တပ်ကစစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။

“ မနေ့က တိုက်ပွဲ စခ ၁၅ယောက်အထက်နဲ့သေပြီးအထိခိုက်များစွာနဲ့ ပြန်ဆုတ်သွားခဲ့တယ်။စက် တင်ဘာ ၁၀ရက် ယနေ့မှာ မနေ့ကအထိနာတဲ့စခများ မလှိုင်ဘက်မှ အင်အားအလုံးရင်း ဖြည့်တင်းပြီး စစ်ကြောင်း၂ကြောင်းခွဲထိုးလာတဲ့ အတွက် ဖြတ်တောက်ဖို့သွားတဲ့TTA-PDFမှ တပ်ခွဲရှေ့ပြေးရဲဘော်၂ဦး ဒီနေ့တိုက်ပွဲမှာ မြင့်မြတ်စွာကျဆုံးခဲ့ပါတယ်” လို့ တောင်သာမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်ဆိုတာကို ​တောင်သာPeople Defense Force ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းရဲ့ လူမှုကွန်ရက်ကတဆင့်စက်တင်ဘာ ၁၀ရက်မှာ အတည်ပြုပါတယ်။

အင်အား ၁၇၀လောက်ပါတဲ့စစ်တပ်ကမလှိုင်မြို့နယ်သီးပင်ကုန်းကျေးရွာကတဆင့် တောင်သာမြို့နယ် လက်ပံတောကျေးရွာဘက်ကိုဝင်ရောက်နေတာလို့ လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာက အသိပေးပါတယ်။

စစ်တပ်အခြေစိုက်စခန်းတွေရှိရာ မိတ္ထီလာမြို့နယ်ကနေ စက်တင်ဘာ ၇ရက်က မလှိုင်မြို့အတွင်း စစ်ကောင်စီယာဥ် အစီးရေ ၃၀ ဝန်းကျင် ဝင်လာပြီး စက်တင်ဘာ ၈ရက်မှာ မလှိုင် မြို့နယ် အထက်ဘက်ခြမ်းကို စစ်ကြောင်းစထိုးခဲ့တာ ဖြစ်ပါတယ်။

အခြားစစ်ရေးသတင်းရင်းမြစ်တဦးက​မိတ္ထိလာမြို့က‌နေ စစ်ကား ၄၃ စီး၊ အင်အား ၄၀၀ ကျော်ပါတဲ့ စစ်ကြောင်း ဝင်လာလို့ ‌တောင်သာပကဖအပါအဝင် ပူးပေါင်းတပ်တွေက ဝင်တိုက်တာလို့ ‌ပြောပါတယ်။

“ မနေ့က တိုက်ပွဲမှာ စစ်ကောင်စီ ၃လောင်းနဲ့ ဒဏ်ရာက ၁၅ကောင်လောက်ရှိမယ်။ တိုက်ပွဲကဒီမနက်အထိ ဖြစ်နေပါတယ်” ဟု ၎င်းကပြောသည်။

စစ်တပ်စစ်ကြောင်းဟာ မြင်းခြံ၊မလှိုင်၊မိတ္ထီလာမြို့က တပ်ရင်း တွေစုပေါင်းပြီး ဝင်ရောက်လာတာလို့ သိရပါတယ်။

အတောင်သာမြို့နယ်ဘက်ကို ဝင်ရောက်လာချိန်မှာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။မြေပြင် စစ်ကြောင်းအတွက် စက်တပ်လေထီးတွေနဲ့ပါ စစ်ကောင်စီတပ်က ပစ်ကူရယူနေရတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ မနက်၆နာရီလောက်က တောင်သာမြို့နယ်ထဲက မိတ္ထီလာ-မြင်းခြံလမ်းပိုင်းမှာရှိတဲ့ ရုံးစည်ကြီးကျေးရွာရဲ့ တောင်ဘက်ခြမ်းကို စက်တပ်လေထီး ပေါ်ကနေ ဗုံး ၁၅ လုံးဝန်းကျင်ကြဲခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်မှုရှိတယ်လို့လည်းသိရပါတယ်။

“ သူတို့က လေကြောင်းပစ်ကူနဲ့လာတာ။ ကျနော်တို့ကောင်းကောင်းဟန့်ထားနိုင်ပါတယ်” ဟု တောင်သာမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်ပြီး ဒေသတွင်းစစ်ရေးအခြေ အနေအသေးစိတ်ကိုတော့ လတ်တလောမှာပြောကြားလိုခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေက မြင်းခြံ-သာစည် မဟာဓာတ်အားလိုင်း ပြန်လည်ပြုပြင်နိုင်ဖို့အဓိကရည်ရွယ်ချက်ဖြစ်ပေမယ့် တောင်သာ၊နွားထိုးကြီးနဲ့ မြင်းခြံဒေသတွေက နေရာအနှံ့အပြားကို စစ်ကြောင်းထိုးနိုင်တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ပါရာမိုတာနဲ့ ဗုံးကြဲတိုက်ခိုက်သွားလို့ ပြည်သူထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်တောင်ပိုင်းမှာစစ်တပ်စစ်​ကြောင်းကို ​တော်လှန်​ရေးတပ်​တွေက တိုက်ခိုက်တာမှာ စစ်တပ်စစ်ကြောင်းဆီကနေ ​သေနတ် ငါးလက် နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့​ကြောင်း Joker ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန် ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

သတင်း

ထားဝယ်ခရိုင်၊လောင်းလုံးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်မှု ၂ကြိမ်ပြုလုပ်ခဲ့သလို ဒရုန်းနဲ့ တိုက်ခိုက်မှု ၁ကြိမ်ပြုလုပ်ခဲ့ကြောင်း ထားဝယ် ခရိုင်တပ်ပေါင်းစု ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။