Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်တိုက်ပွဲ နှစ်ဖက်ထိခိုက်မှုရှိ

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်သာမြို့နယ်မှာ စစ်တပ်ကို တိုက်ခိုက်နေတဲ့ တော်လှန်ရေး ရဲဘော်တွေ။ ဓာတ်ပုံ-TTA PDF

စက်တင်ဘာ-၁၀၊၂၀၂၅။ဇော်ဝင်း၊ကဖီး/People’s Spring

မန္တလေးတိုင်း၊မလှိုင်မြို့နယ်ကနေတောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်​​ကောင်စီတပ်နဲ့ ​တော်လှန်​ရေးတပ်​တွေတိုက်ပွဲဖြစ်နေပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုတွေရှိနေတယ်လို့ ဒေသတွင်း​​စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့က(စက်တင်ဘာ ၉ရက်)ကစပြီး မလှိုင် မြို့နယ်ကနေ တောင်သာမြို့ဘက်ခြမ်းကို စစ်တပ်ကစစ်ကြောင်းသုံးခုနဲ့ ထိုးစစ်ဆင်လာတယ်လို့ ဆိုပါတယ်။

“မနေ့က တိုက်ပွဲ စခ ၁၅ယောက်အထက်နဲ့သေပြီးအထိခိုက်များစွာနဲ့ ပြန်ဆုတ်သွားခဲ့တယ်။စက် တင်ဘာ ၁၀ရက် ယနေ့မှာ မနေ့ကအထိနာတဲ့စခများ မလှိုင်ဘက်မှ အင်အားအလုံးရင်း ဖြည့်တင်းပြီး စစ်ကြောင်း၂ကြောင်းခွဲထိုးလာတဲ့ အတွက် ဖြတ်တောက်ဖို့သွားတဲ့TTA-PDFမှ တပ်ခွဲရှေ့ပြေးရဲဘော်၂ဦး ဒီနေ့တိုက်ပွဲမှာ မြင့်မြတ်စွာကျဆုံးခဲ့ပါတယ်”လို့ တောင်သာမြို့နယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမှာ ရဲဘော်နှစ်ဦးကျဆုံးခဲ့တယ်ဆိုတာကို ​တောင်သာPeople Defense Force ပြောရေးဆိုခွင့်ရှိသူကလည်း ၎င်းရဲ့ လူမှုကွန်ရက်ကတဆင့်စက်တင်ဘာ ၁၀ရက်မှာ အတည်ပြုပါတယ်။

အင်အား ၁၇၀လောက်ပါတဲ့စစ်တပ်ကမလှိုင်မြို့နယ်သီးပင်ကုန်းကျေးရွာကတဆင့် တောင်သာမြို့နယ် လက်ပံတောကျေးရွာဘက်ကိုဝင်ရောက်နေတာလို့ လူထုလှုပ်ရှားမှုကော်မတီ၊ တောင်သာက အသိပေးပါတယ်။

စစ်တပ်အခြေစိုက်စခန်းတွေရှိရာ မိတ္ထီလာမြို့နယ်ကနေ စက်တင်ဘာ ၇ရက်က မလှိုင်မြို့အတွင်း စစ်ကောင်စီယာဥ် အစီးရေ ၃၀ ဝန်းကျင် ဝင်လာပြီး စက်တင်ဘာ ၈ရက်မှာ မလှိုင် မြို့နယ် အထက်ဘက်ခြမ်းကို စစ်ကြောင်းစထိုးခဲ့တာ ဖြစ်ပါတယ်။

အခြားစစ်ရေးသတင်းရင်းမြစ်တဦးက​မိတ္ထိလာမြို့က‌နေ စစ်ကား ၄၃ စီး၊ အင်အား ၄၀၀ ကျော်ပါတဲ့ စစ်ကြောင်း ဝင်လာလို့ ‌တောင်သာပကဖအပါအဝင် ပူးပေါင်းတပ်တွေက ဝင်တိုက်တာလို့ ‌ပြောပါတယ်။

“မနေ့က တိုက်ပွဲမှာ စစ်ကောင်စီ ၃လောင်းနဲ့ ဒဏ်ရာက ၁၅ကောင်လောက်ရှိမယ်။ တိုက်ပွဲကဒီမနက်အထိ ဖြစ်နေပါတယ်”ဟု ၎င်းကပြောသည်။

စစ်တပ်စစ်ကြောင်းဟာ မြင်းခြံ၊မလှိုင်၊မိတ္ထီလာမြို့က တပ်ရင်း တွေစုပေါင်းပြီး ဝင်ရောက်လာတာလို့ သိရပါတယ်။

အတောင်သာမြို့နယ်ဘက်ကို ဝင်ရောက်လာချိန်မှာ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်နေတာဖြစ်ပါတယ်။မြေပြင် စစ်ကြောင်းအတွက် စက်တပ်လေထီးတွေနဲ့ပါ စစ်ကောင်စီတပ်က ပစ်ကူရယူနေရတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ မနက်၆နာရီလောက်က တောင်သာမြို့နယ်ထဲက မိတ္ထီလာ-မြင်းခြံလမ်းပိုင်းမှာရှိတဲ့ ရုံးစည်ကြီးကျေးရွာရဲ့ တောင်ဘက်ခြမ်းကို စက်တပ်လေထီး ပေါ်ကနေ ဗုံး ၁၅ လုံးဝန်းကျင်ကြဲခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခတ်မှုရှိတယ်လို့လည်းသိရပါတယ်။

“သူတို့က လေကြောင်းပစ်ကူနဲ့လာတာ။ ကျနော်တို့ကောင်းကောင်းဟန့်ထားနိုင်ပါတယ်”ဟု တောင်သာမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။

တိုက်ပွဲတွေဆက်လက်ပြင်းထန်နိုင်ပြီး ဒေသတွင်းစစ်ရေးအခြေ အနေအသေးစိတ်ကိုတော့ လတ်တလောမှာပြောကြားလိုခြင်းမရှိသေးဘူးလို့ဆိုပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းတွေက မြင်းခြံ-သာစည် မဟာဓာတ်အားလိုင်း ပြန်လည်ပြုပြင်နိုင်ဖို့အဓိကရည်ရွယ်ချက်ဖြစ်ပေမယ့် တောင်သာ၊နွားထိုးကြီးနဲ့ မြင်းခြံဒေသတွေက နေရာအနှံ့အပြားကို စစ်ကြောင်းထိုးနိုင်တယ်လို့လည်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အနောက်ခြမ်းက ရခိုင်ရိုးမနဲ့ အနီးနေရာတွေကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကူအင်အား ၁,၅၀၀ ခန့်ရောက်ရှိပြီး တပ်ဖြန့်ကာ စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်က စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် တန်ပြန်ထိုးစစ်ဆင်ဖို့ အာဏာသိမ်းစစ်တပ်က စစ်ကြောင်းတွေပြင်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook