Connect with us

Hi, what are you looking for?

သတင်း

တောင်သာမြို့နယ်က စစ်တပ်စခန်း PDF တိုက်ခိုက်

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဇန်နဝါရီ-၁၈၊၂၀၂၆။မိုမို/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်က စစ်တပ် စခန်းတစ်ခုတိုက်ခိုက်ပြီး စစ်ကူလာတဲ့ ကားနှစ်စီး မိုင်းထိတယ်လို့ မြင်းခြံခရိုင် အမှတ်(၃)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

မနေ့က(ဇန်နဝါရီ ၁၇ ရက်) မနက် ၆နာရီခွဲကစပြီး မြင်းခြံ-ပုဂံညောင်ဦး ကားလမ်းဘေးက တမိုက်သာ ကျေးရွာက စစ်တပ်စခန်းကို ဝင်တိုက်ခဲ့တာလို့ ဆိုပါတယ်။

“စစ်ဆေးရေးဂိတ်လုပ်တဲ့ နေရာ။ဘန်ကာ ငါးခု လောက်ရှိတယ်။သူတို့ နေရာယူချိန်မရခင် ဘန်ကာတစ်ခုသိမ်းရလိုက်တယ်။တမိုက်သာမှာ ပွဲဖြစ်တော့ မြင်းခြံကနေ စစ်ကူကားသုံးစီးထွက်လာတယ်။ပထမတစ်စီးကတော့ လွတ်သွားတယ်။မိုင်းနဲ့နောက်နှစ်စီးကတော့ ထိတယ်”လို့ အထက်ပါတာဝန်ရှိသူက တိုက်ခိုက်မှု ဖြစ်စဥ်ကိုရှင်းပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် စစ်ကူကားတွေကို ပစ်ခတ်မှုလုပ်ခဲ့ပြီး ထိခိုက်မှုရှိနိုင်တယ်လို့ အသိပေးပါတယ်။

“တမိုက်သာက ပျူစောထီးရွာ။စစ်ကောင်စီတပ်သား နဲ့ ပျူစောထီး အင်အား ၅၀လောက်ရှိတယ်”လို့ တောင်သာမြို့နယ်စစ်ရေးသတင်းရင်း မြစ်က ပြောပါတယ်။

မြင်းခြံမြို့ကနေ စစ်ကူလာတဲ့ စစ်တပ်ဟာ တောင်သာမြို့နယ်က ကန်တော်ကျေးရွာကို မီးရှို့နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့သုံးလခန့်ကလည်း မြင်းခြံ – ညောင်ဦးလမ်းပိုင်းမှာ စစ်တပ် ကြားဖြတ်တိုက်ခိုက်ခံရပြီး တော်လှန်ရေးတပ်တွေက လက်နက်ခဲယမ်းတွေရရှိခဲ့ပါတယ်။

စစ်တပ်က မြင်းခြံ၊နွားထိုးကြီးနဲ့ တောင်သာ မြို့နယ်တွေမှာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းမှုတွေမှာ အရပ်သားတွေကို PDFလို့ စွပ်စွဲ သတ်ဖြတ်တာနဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ မီးရှို့တာတွေ ရှိပါတယ်။

ရုပ်သံ – တောင်သာ တပ်ရင်း

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။