Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်သို့ အင်အားလာဖြည့်သည့် စစ်ကြောင်း တိုက်ခိုက်ခံရ

“ကန့်ဘလူကနေ တန့်ဆည်အထိ ရဟတ်ယာဉ်နဲ့လာတယ်။ တန့်ဆည်ကနေ ကံထူးမအထိ ၁၂ မိုင်ကို ခြေလျင်လာတာဒီကောင်တွေ တစ်ရက်ကျော်ကြာပြီ မရောက်သေးတာ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

(တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းကို ​ဖေ​ဖော်ဝါရီ ၂၁ ရက်တွင်​တော်လှန်​ရေးအဖွဲ့များတိုက်လိုက်ပြီးသိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)
(တန့်ဆည်မြို့နယ်ရှိ ကံထူးမရဲစခန်းကို ​ဖေ​ဖော်ဝါရီ ၂၁ ရက်တွင်​တော်လှန်​ရေးအဖွဲ့များတိုက်လိုက်ပြီးသိမ်းဆည်းရရှိ​​သောလက်နက်ခဲယမ်းများ။ ဓါတ်ပုံ-အမှတ် (၁)စစ်​ဒေသ)

တန့်ဆည်မြို့နယ်သို့ စစ်​ကောင်စီတပ်က အင်အားထပ်ဖြည့်ရန်လာ​သော ခြေလျင်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း​ PDF အချို့က​ပြောသည်။

ဖေ​ဖော်ဝါရီ ၂၇ ရက် နံနက်က ကံထူးမရဲစခန်းသို့ ဦးတည်လာသည့် အင်အား ၈၀ခန့်ပါ စစ်ကာင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

“သကန့်ဘလူ ၆၀၀၆ကနေ လာတာ။ ဝါသဝလူတွေပါတယ်။ အဲ့စစ်ကြောင်းက ကျတော်တို့ မိုင်းကွင်းဘက်ကို ဝင်လာလို့ ထိထိမိမိပဲ ချနိုင်ခဲ့တယ်။ သေသူ ငါးဦးအနည်းဆုံးရှိပါတယ်” ဟု အထက်ပါ ရဲဘော်ကပြောသည်။

ဖေဖော်ဝါရီလ (၂၁) ရက်မှ (၂၄) ရက်အထိကံထူးမရဲစခန်းသိမ်းတိုက်ပွဲအပါအဝင် တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီတပ်စွဲရာ​နေရာများကို​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်ဖွဲ့ဝင်၃၀ကျော် သေဆုံးပြီး ကံထူးမရွာ ရဲစခန်းအား သိမ်းပိုက်နိုင်ခဲ့သလို လက်နက်ခဲယမ်းအများအပြားလည်း ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသက ဖေဖော်ဝါရီလ ၂၇ရက်တွင်သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

​ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးမီးရှို့ဖျက်ဆီးခဲ့သည့် ကံထူးမရဲစခန်းကို ရေဦးမြို့နယ်မှလာရောက်သည့် ဘီလူးစစ်ကြောင်းကိုခေါ်သော အင်အား ၈၀ခန့် စစ်ကြောင်းက ပြန်လည်နေရာယူခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၂၇ရက်နံနက် ၁၁ နာရီခန့်တွင် အဆိုပါ စစ်ကြောင်းနှင့် ​နေရာလဲလှယ်ရန် ထွက်လာသည့် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဟု PDF အချို့က​ပြောသည်။

“ကန့်ဘလူကနေ တန့်ဆည်အထိ ရဟတ်ယာဉ်နဲ့လာတယ်။ တန့်ဆည်ကနေ ကံထူးမအထိ ၁၂ မိုင်ကို ခြေလျင်လာတာဒီကောင်တွေ တစ်ရက်ကျော်ကြာပြီ မရောက်သေးတာ” ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ကံထူးမရဲစခန်းကို ဖေဖော်ဝါရီလ (၂၁) ရက်က​​တော်လှန်​ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၁ဦးသေဆုံးပြီး ၁၇ဦးဒဏ်ရာရကြောင်း သိရသည်။ရဲစခန်းမှ G-3 ငါး လက်၊ နာနတ်သီးဗုံး လေးလုံး၊ MA-15 ကျည် (၁၆၃၅) တောင့်၊ ကျည်အိမ် (၁၂) ခု၊ ငွေကျပ် (၃၈) သိန်း သိမ်းဆည်းရမိကြောင်း အမှတ်(၁)စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။