Connect with us

Hi, what are you looking for?

News

စစ်တပ်ကို ဘုရားလို ကိုးကွယ်ခိုင်းတဲ့ ဦးဝီရသူ ပြန်လွတ်လာတယ်လို့ သတင်းထွက်ပေါ်

နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မနဲ့ အကျဉ်းထောင်မှာ တရားရင်ဆိုင်နေရတဲ့ ဦးဝီရသူကို စွဲဆိုထားတဲ့အမှုရုတ်သိမ်းပေးလိုက်တယ်လို့ အမျိုးသားရေးလှုပ်ရှားသူအသိုင်းအဝိုင်းကနေသိရပါတယ်။

အမှုကို ရုတ်သိမ်းပြီးတဲ့နောက် ဒီနေ့မှာ ဦးဝီရသူ လွတ်မြောက်လာတာပါ။

ဒီလိုမလွတ်မြောက်ခင်အချိန်က ဦးဝီရသူ ရဲ့ ရုပ်သံဖိုင်တခုထွက်ပေါ်လာပြီး အဲဒီရုပ်သံဖိုင်မှာ တော့ အမှုကိုအာမခံပေးမယ် ၊မပေးဘူးဆိုကာ စစ်ဆင်ရေး တရပ်အနေနဲ့ ရူးသွပ်သွားအောင်လုပ်နေတယ်လို့ ယူဆရတဲ့အကြောင်းပြောဆိုထားပါတယ်။

အဲဒီရုပ်သံဖိုင် ထွက်ပေါ်လာပြီး နောက်မှာတော့ အခုလို လွတ်မြောက်တဲ့ သတင်းထွက်လာတာလည်း ဖြစ်ပါတယ်။

ဦးဝီရသူဟာပြီးခဲ့တဲ့အစိုးရ လက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကို တောက်လျောက် ပုတ်ခတ်ဟောပြောခဲ့သလို စစ်တပ်ထောက်ခံတွေမှာ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် ၂၀၁၉ မေလအတွင်းရန်ကုန်မှာ ဟောပြောချက် အချို့ကြောင့် ထောင်ဒဏ် နှစ် ၂၀ အထိ ချနိုင်တဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရပြီး တစ်နှစ်ကျော်ကြာအောင် တိမ်းရှောင်နေခဲ့တာပါ။

အဖမ်းမခံဘဲ တစ်နှစ်ကျော်ကြာ ဝရမ်းပြေးအဖြစ် တိမ်းရှောင်နေရာကနေ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မကျင်းပမှီ ရက်ပိုင်းအလိုမှာ ရုတ်တရက် လူမြင်ကွင်းထဲထွက်လာပြီး ရဲစခန်းမှာ ကိုယ်တိုင်သွားရောက်အဖမ်းခံခဲ့တာပါ။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် အကျဉ်းသား အချို့ကို လွတ်ငြိမ်းချမ်းသာပေးခဲ့ရာမှာ အမျိုးသားရေးသမားတွေနဲ့ စစ်တပ်ကိုထောက်ခံသူတွေ လွတ်လာပေမယ့် ဦးဝီရသူကတော့ ပြန်မလွတ်လာခဲ့ပါဘူး။

လွတ်ငြိမ်းထဲမှာ ဦးဝီရသူမပါတာကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်းပြုလုပ်တဲ့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဝီရသူ ရဲ့အခြေအနေကို အမျိုးသမီးတစ်ဦးက မေးမြန်းခဲ့တာတွေရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook