Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ဖို့အမျိုးသမီးမဟာမိတ်အင်အားစု စတင်ဖွဲ့စည်း

စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဥ်တွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုကဏ္ဍ တိုးမြင့်လာစေရေး တို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ပြီး အမျိုး သမီးတွေရဲ့ ဦးဆောင်ပါဝင်မှုနဲ့အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် အမျိုးသမီးမဟာမိတ်အင်အားစုကို တရားဝင် စတင်ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့ကြေညာပါတယ်။

မြေပြင်သပိတ်အင်အားစုအသီးသီးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီ မဟာမိတ်အင်အားစုဟာ မြေပြင်အမျိုးသမီးသပိတ်တွေ အားကောင်းလာစေဖို့နဲ့ အခြားသောတော်လှန်ရေး ကဏ္ဍအသီးသီးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရေးတို့ကို ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဥ်တွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုကဏ္ဍ တိုးမြင့်လာစေရေး တို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဲဒီရည်မှန်းချက်ပန်းတိုင်တွေ အကောင်ထည်ဖော်ဆောင်ရွက်ရေးကို အမျိုးသမီးမဟာမိတ်အင်အားစု အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ တော်လှန်ရေးကာလ၊ ကြားကာလနဲ့ ပြန်လည်ထူထောင်ရေးကာလတွေမှာ အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးမဟာမိတ်အင်အားစုကို မန္တလေး၊ ရန်ကုန်၊ မုံရွာ(ပင်မ)၊ မုံရွာ-အမြင့်လမ်းဘေးကျေးရွာများ၊ချင်းတွင်း မြစ်အနောက်ဘက်ကျေးရွာပေါင်းစုံ၊ ကလေး၊ ဒီပဲယင်း၊ တန့်ဆည်၊ ထားဝယ်အရှေ့တော၊ ဂန့်ဂေါ စတဲ့အမျိုးသမီးအင်အားစု၊ သပိတ်စစ်ကြောင်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၁၉၈၉ ခုနှစ် ဧပြီ ၁၇ရက်‌တွင် စတင် တည်ထောင်ခဲ့သော ဝပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP/UWSA) သည် ယနေ့တွင် (၃၅)နှစ်ပြည့်မြောက်ပြီဖြစ်သည်။

သတင်း

တော်လှန်ရေး ဦးဆောင်မှုအခန်းကဏ္ဍ၌ KIO ၏ မဆုတ်မနစ်ပါဝင်မှုကို များစွာလေးစားဂုဏ်ယူသည်ဟုလည်း ပြောကြားခဲ့သည်။

သတင်း

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၇ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့ရာ စစ်အာဏာရှင်များသည် ပြည်သူများကို အကြောက်တရားနှင့် ထိန်းချုပ်ရန် ကြိုးစားလေ့ရှိကြောင်း ပြောကြားသည်။

သတင်း

(၁၇)ကြိမ်မြောက် KNU ကွန်ဂရက်ကို ဧပြီ ၂၄ရက်မှ မေလ ၄ရက်အထိ ၁၁ရက် ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ KNU ဗဟိုဌာနချုပ်နှင့် ခရိုင်အသီးသီးရှိ ကွန်ကရက်ခန်းမများတွင် အွန်လိုင်းနည်းစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။