Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ဖို့အမျိုးသမီးမဟာမိတ်အင်အားစု စတင်ဖွဲ့စည်း

စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဥ်တွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုကဏ္ဍ တိုးမြင့်လာစေရေး တို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်တိုက်ထုတ်ပြီး အမျိုး သမီးတွေရဲ့ ဦးဆောင်ပါဝင်မှုနဲ့အတူ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ဖြစ်ထွန်းလာစေရေးအတွက် အမျိုးသမီးမဟာမိတ်အင်အားစုကို တရားဝင် စတင်ဖွဲ့စည်းလိုက်တယ်လို့ ဒီနေ့ကြေညာပါတယ်။

မြေပြင်သပိတ်အင်အားစုအသီးသီးမှာ ပါဝင်လှုပ်ရှားနေကြတဲ့ လူငယ်အမျိုးသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီ မဟာမိတ်အင်အားစုဟာ မြေပြင်အမျိုးသမီးသပိတ်တွေ အားကောင်းလာစေဖို့နဲ့ အခြားသောတော်လှန်ရေး ကဏ္ဍအသီးသီးကို အရှိန်အဟုန်မြှင့်လုပ်ဆောင်ရေးတို့ကို ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တစ်ရပ် ပေါ်ပေါက်လာရေး၊ အနာဂတ် ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးလုပ်ငန်းစဥ်တွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်ပါဝင်မှုကဏ္ဍ တိုးမြင့်လာစေရေး တို့ကိုလည်း လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အဲဒီရည်မှန်းချက်ပန်းတိုင်တွေ အကောင်ထည်ဖော်ဆောင်ရွက်ရေးကို အမျိုးသမီးမဟာမိတ်အင်အားစု အနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ကာ တော်လှန်ရေးကာလ၊ ကြားကာလနဲ့ ပြန်လည်ထူထောင်ရေးကာလတွေမှာ အစဉ်တစိုက်ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသမီးမဟာမိတ်အင်အားစုကို မန္တလေး၊ ရန်ကုန်၊ မုံရွာ(ပင်မ)၊ မုံရွာ-အမြင့်လမ်းဘေးကျေးရွာများ၊ချင်းတွင်း မြစ်အနောက်ဘက်ကျေးရွာပေါင်းစုံ၊ ကလေး၊ ဒီပဲယင်း၊ တန့်ဆည်၊ ထားဝယ်အရှေ့တော၊ ဂန့်ဂေါ စတဲ့အမျိုးသမီးအင်အားစု၊ သပိတ်စစ်ကြောင်းတွေနဲ့ ပါဝင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

လူမျိုးများ၊ ပြည်သူလူထုများအားလုံး စည်းလုံးညီညွတ်ကြရမှာ ဖြစ်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ကာ လွတ်လပ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖြစ်ပေါ်လာတဲ့အထိ တော်လှန်ရေးကို ဆက်လက်ဆင်နွှဲသွားကြရမယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ်ခိုင်မြဲအောင် ပူးပေါင်းကူညီနေသူတွေ ရပ်တန့်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက သတိပေးထားကြောင်း KIO ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီးဂွန်မော်က ဥက္ကဋ္ဌရဲ့ ကချင်အာဇာနည်နေ့မိန့်ခွန်းကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်အုပ်စုဟာ အာဏာတည်မြဲရေး ၊ဆက်နွယ်နေသူတွေရဲ့အကျိုးစီးပွားအတွက်သာ ကြည့်ရှုတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်း ကရင်အမျိုးသားအစည်အးရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားလိုက်ပြီး အာဏာရှင်စနစ်နဲ့ အာဏာရှင်အုပ်ချုပ်ရေး အဆုံးသတ်ဖို့ နည်းလမ်းမျိုးစုံသုံး ဆန့်ကျင်ကြရန် တိုက်တွန်းလိုက်ပါတယ်။

Trending

Facebook