Connect with us

Hi, what are you looking for?

News

က​လေး PDF ကမိုင်းခွဲတိုက်ခိုက်၍ စစ်​ကောင်စီတပ် ၄ ဦး​သေ၊ ၁၀ဦး​ကျော်ဒဏ်ရာရ

စက်တင်ဘာလဆန်းမှ စ၍ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ ဒိုးနွယ်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက မွှေနှောက်ဖျက်စီးခြင်း၊ ကျေးရွာပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ လှေ၊ အိမ်တွင်းရှိအဖိုးတန် ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်များကို မီးရှိုးဖျက်စီးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟူဆိုသည်။

ကလေးမြို့နယ် တောင်ပိုင်းရှိ ကျောက်ဖူးရွာနှင့် ဒိုးနွယ်ရွာအကြားသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ယနေ့ စက်တင်ဘာ ၇ရက် နေလည်ပိုင်းတွင်
မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ‌တပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်(PDF ) ကသတင်းထုတ်ပြန်သည်။

ထို့အပြင် ကလေးမြို့အတွင်းရှိ ဒကစ တပ်အတွင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ်သိမ်းပိုက်‌နေရာယူထားသော ရုံးအဆောက်အဦးနေရာအများအပြားကို PDF တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။

စက်တင်ဘာလဆန်းမှ စ၍ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ ဒိုးနွယ်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက မွှေနှောက်ဖျက်စီးခြင်း၊ ကျေးရွာပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ လှေ၊ အိမ်တွင်းရှိအဖိုးတန် ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်များကို မီးရှိုးဖျက်စီးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟူဆိုသည်။

အဆိုပါကျေးရွာနေပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ရန်ပြုမှုဘေးမှ လွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရဆဲဖြစ်ကြောင်း၊ ကလေးမြို့နယ် PDF အနေဖြင့် ကလေးဒေသပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွ‌ယ်‌စောင့်ရှောက်ပေးနိုင်ရန်အတွက် အာဏာရူးမင်းအောင်လှိုင်၏ လက်ပါးစေ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များအား အစွမ်းကုန် အရှိန်အဟုန်မြှင့် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်‌ကြောင်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ကလေးဒေသပြည်သူများအနေဖြင့် ကြုံလာရမည့်အခြေအနေအရပ်ရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်သည့် ပဋိပက္ခများအတွင်း ဘေးအန္တရာယ်အတွက် ပြည်သူလူထုအနေဖြင့် ကြိုတင်ပြင်ဆင်ထားရမည့် အချက်များအတိုင်း ကြိုတင်ပြင်ဆင်ထားကြရန် ထုတ်ပြန်ခဲ့သည်။

ကလေးမြို့နယ် PDF တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်လည်း ဖော်ပြထားသည်။

ကလေး PDF က စက်တင်ဘာ ၃ရက်နှင့် ၄ရက်တွင်လည်း စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်မှ ၈ဦးထက်မနည်း သေဆုံးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်