Connect with us

Hi, what are you looking for?

News

အာဏာသိမ်းမှု​အောင်မြင်လျှင် ဇာတ်ပွဲကျင်းပ​အောင်ပွဲခံရန် ကြုံးဝါး​ထားသောဒလန် ဓါးခုတ်ခံရသဖြင့်​သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သက္ကယ်ကျင်းရွာမှ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန် အောင်ဝင်းကြည်ဆိုသူကို လူတစ်စုက ကျေးရွာအတွင်း တစ်နေရာတွင် ဓားဖြင့်ခုတ်သွားခြင်းဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းမှုအောင်မြင်ပါက ဇာတ်ပွဲများ ကျင်းပကာအောင်ပွဲခံမည်ဟု ကျေးရွာအတွင်းပြောဆိုကြုံးဝါးနေသူ မုံရွာမြို့ နယ်၊သက္ကယ်ကျင်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန်တစ်ဦး ယ​နေ့ ဓါးခုတ်ခံရပြီး သေဆုံးခဲ့သည် မုံရွာဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သက္ကယ်ကျင်းရွာမှ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန် အောင်ဝင်းကြည်ဆိုသူကို လူတစ်စုက ကျေးရွာအတွင်း တစ်နေရာတွင် ဓားဖြင့်ခုတ်သွားခြင်းဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့(စက်တင်ဘာ ၇)ဖြစ်တာ။ အခုသေတဲ့ဒလံအောင်ဝင်းကြည်က နွားပွဲစား။စစ်ကောင်စီဆန့်ကျင်သူမှန်သမျှရဲ့သတင်းကို စစ်တပ်ကိုပေးနေတာ။ နောက်ပြီး ‌အာဏာသိမ်းတာ အောင်မြင်ရင် ဇာတ်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီး အောင်ပွဲခံမယ်လို့ ကြိမ်းဝါးထားတဲ့ကောင်”ဟု မုံရွာဒေသခံကဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း‌ရှိ မြို့နယ်တစ်ခုတွင်လည်း ဒလန်တစ်ဦး ယနေ့ အသတ်ခံခဲ့ရပြီး အလောင်းအားကောက်မည့်သူမရှိသဖြင့် လမ်းဘေးတွင် ပုံလျက်ရှိ‌နေသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

Facebook