Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းမှု​အောင်မြင်လျှင် ဇာတ်ပွဲကျင်းပ​အောင်ပွဲခံရန် ကြုံးဝါး​ထားသောဒလန် ဓါးခုတ်ခံရသဖြင့်​သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သက္ကယ်ကျင်းရွာမှ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန် အောင်ဝင်းကြည်ဆိုသူကို လူတစ်စုက ကျေးရွာအတွင်း တစ်နေရာတွင် ဓားဖြင့်ခုတ်သွားခြင်းဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

အာဏာသိမ်းမှုအောင်မြင်ပါက ဇာတ်ပွဲများ ကျင်းပကာအောင်ပွဲခံမည်ဟု ကျေးရွာအတွင်းပြောဆိုကြုံးဝါးနေသူ မုံရွာမြို့ နယ်၊သက္ကယ်ကျင်းကျေးရွာမှ စစ်ကောင်စီသတင်းပေးဒလန်တစ်ဦး ယ​နေ့ ဓါးခုတ်ခံရပြီး သေဆုံးခဲ့သည် မုံရွာဒေသခံများကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ သက္ကယ်ကျင်းရွာမှ အကြမ်းဖက်စစ်ကောင်စီသတင်းပေး ဒလန် အောင်ဝင်းကြည်ဆိုသူကို လူတစ်စုက ကျေးရွာအတွင်း တစ်နေရာတွင် ဓားဖြင့်ခုတ်သွားခြင်းဟု မုံရွာဒေသခံတစ်ဦးကပြောသည်။

“ဒီနေ့(စက်တင်ဘာ ၇)ဖြစ်တာ။ အခုသေတဲ့ဒလံအောင်ဝင်းကြည်က နွားပွဲစား။စစ်ကောင်စီဆန့်ကျင်သူမှန်သမျှရဲ့သတင်းကို စစ်တပ်ကိုပေးနေတာ။ နောက်ပြီး ‌အာဏာသိမ်းတာ အောင်မြင်ရင် ဇာတ်ပွဲတွေ ပျော်ပွဲရွှင်ပွဲတွေ လုပ်ပြီး အောင်ပွဲခံမယ်လို့ ကြိမ်းဝါးထားတဲ့ကောင်”ဟု မုံရွာဒေသခံကဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း‌ရှိ မြို့နယ်တစ်ခုတွင်လည်း ဒလန်တစ်ဦး ယနေ့ အသတ်ခံခဲ့ရပြီး အလောင်းအားကောက်မည့်သူမရှိသဖြင့် လမ်းဘေးတွင် ပုံလျက်ရှိ‌နေသည်ဟု သတင်းရရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ဒုတိယဗိုလ်မှူးကြီးနိုင်နိုင်ဝင်းသည် ယခုရက်ပိုင်းဖြစ်ပွားနေသည့် ကော့ကရိတ် - မြဝတီအာရှလမ်းတိုက်ပွဲ၌ KNLAနှင့် PDF ပူးပေါင်းတပ်ဖွဲ့၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း ကော့ကရိတ်ရှိ စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။