Connect with us

Hi, what are you looking for?

News

ကလေးမြို့နယ်ရှိ တင်သားရွာကို အကြမ်းဖက်စစ်ကောင်စီတပ်မီးရှို့ဖျက်ဆီး

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အဆိုပါဒေသရှိ ပြည်သူလူထု ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ဆိုသည်။

ကလေးမြို့နယ်ရှိ ရှားဖိုရွာနှင့် တင်သားရွာကို အကြမ်း ဖက်စစ်ကောင်စီတပ်များ ဝင်ရောက်မွှေနောက်၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ဒေသခံက ပြောသည်။

ထို့ပြင် ယနေ့နံနက် ၈နာရီခန့်တွင် တင်သားရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဆိုသည်။

ကလေးမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများကို စက်တင် ဘာလဆန်းကစ၍ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းမွှေနှောက်ခဲ့ရာ အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ ဒိုးနွယ်ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက မွှေနှောက်ဖျက်စီးခြင်း၊ ကျေးရွာပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ လှေ၊ အိမ်တွင်းရှိအဖိုးတန် ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်များကို မီးရှိုးဖျက်စီးခြင်းများ လုပ်ဆောင်ခဲ့သည်။

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အဆိုပါဒေသရှိ ပြည်သူလူထု ထောင်နှင့်ချီ၍ ထွက်ပြေးတိမ်း ရှောင်နေကြရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ရွာလူထုကို ဖိနှိပ်သည့် စစ်ကောင်စီစစ်ကြောင်းကိုလည်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ စက်တင်ဘာ ၃ရက်၊ ၄ရက်နှင့် ၇ရက်နေ့များတွင် တိုက်ပွဲဖြစ်ပွားမှု၊ မိုင်းဆွဲတိုက်ခိုက်မှုများဖြစ်ပေါ်ခဲ့သည်။

ထိုသို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်မှ အနည်းဆုံး ၁၄ဦးထက်မနည်းသေဆုံးခဲ့ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း ထိခိုက်ဒဏ်ရာရသူအချို့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းက နေအိမ်တွေအပြင် ဒေသခံတောင်သူသူတွေရဲ့ မျိုးမြေပဲတွေကိုပါ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ပေါ်ကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီး ပြည်သူအချို့ ဖမ်းဆီးသတ်ဖြတ်ခံထားရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကနှစ်သက်တမ်း ၆၀ ကျော်ရှိတဲ့ ဒေါငံခါးဘုရားကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တဲ့လုပ်ရပ်ဟာစစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်ပြီးဒီလုပ်ရပ်အပေါ် Burma Research Institute (BRI)က ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

သတင်း

မူးယစ်တိုက်ဖျက်ရေးတိုးမြှင့်ဖို့ သံသယဖြစ်ဖွယ်လှုပ်ရှားမှုတွေကို အကြောင်းကြားပေးဖို့ KNU ဖိတ်ခေါ်