Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုးကျရွှေကိုယ်စနစ်ကို အကြမ်းဖက်စစ်ကောင်စီကပြန်လည်အသက်သွင်းနေ

ဒီနေ့ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့လက်အောက်ခံ မြန်မာ နိုင်ငံပြန်တမ်းအရ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာ ကျောင်းအုပ်ကြီးနဲ့ ဦးဆောင်ညွန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းယူအပြီး ၇ လကျော်အတွင်း စစ်ဘက်ကနေ အရပ်ဘက်ဝန်ကြီးဌာနတွေရဲ့ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးရာထူးနေရာတွေမှာ ပြောင်းရွှေ့ခန့်အပ်မှုတွေ ပြုလုပ်လာပါတယ်။

ဒီနေ့ထုတ်ပြန်တဲ့ စစ်ကောင်စီရဲ့လက်အောက်ခံ မြန်မာ နိုင်ငံပြန်တမ်းအရ ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်မှူးကြီးတစ်ဦးနဲ့ ဒုတိယဗိုလ်မှူးကြီးတစ်ဦးကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာ ကျောင်းအုပ်ကြီးနဲ့ ဦးဆောင်ညွန်ကြားရေးမှူးအဖြစ် ပြောင်းရွှေ့ခန့်ထားခဲ့တာ ဖြစ်ပါတယ်။

မိုးကျရွှေကိုယ်လို့ မြန်မာပြည်သူတွေအကြားခေါ်ဝေါကြတဲ့ စစ်ဘက်ကနေ အရပ်ဘက် ရာထူးကြီးကြီးနေရာတွေကို အလိုအလျောက်ခန့်ထားတဲ့စနစ်ကို ပြီးခဲ့တဲ့ စစ်အာဏာရှင်လက်ထက် တစ်လျှောက်နဲ့ အရပ်သားတစ်ပိုင်းအစိုးရ သမ္မတဦးသိန်းစိန်လက်ထက်အစောပိုင်းအထိ ရှိခဲ့ ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက်နှောင်းပိုင်းမှာတော့ မိုးကျရွှေကိုယ်တွေကို အရပ်ဘက်ဝန်ကြီးဌာန တွေက ဆန့်ကျင်ကန့်ကွက်ခဲ့ကြတာကြောင့် စစ်ဘက်ကနေ အရပ်ဘက်ပြောင်းရွှေ့ခန့်ထားမှုကို ရပ်တန့်ခဲ့ပြီး အခုတစ်ကျော့ပြန် အာဏာသိမ်းတဲ့ မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်ကောင်စီလက်ထက်မှာ ပြန်လည်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အရပ်ဘက်ဝန်ကြီးဌာနတွေက အရပ်သားဝန်ထမ်းတွေဟာ သူတို့ဘ၀တစ်လျှောက်လုံး ရင်းနှီးမြှုပ်နှံပြီး တစ်ဆင့်ထက်တစ်ဆင့် ရာထူးတိုးရရှိဖို့ ကြိုးစားနေချိန်မှာ စစ်ဘက်ကနေ အလွယ်တကူပဲပြောင်းရွှေ့ပြီး အရပ်ဘက်ဌာနတွေမှာ ရာထူးကြီးကြီးကို ရရှိနေတာက နိုင်ငံ့ဝန်ထမ်းတွေအ တွက်ခါးသီးတဲ့ခံစားမှုတွေအဖြစ် ရှိနေခဲ့တာပါ။

ဆက်စပ်သတင်းများ

သတင်း

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သတင်း

ကျောင်းအဆောက်အအုံနံရံများ နေရာအနှံ့ ဟောင်းလောင်းပေါက်ဖြစ်သွားခြင်း၊ ကျောင်းခေါင်မိုးနှင့် အုတ်ရေကန်၌ ​ကျည်ရာအများအပြား ထိမှန်ထားခြင်းများ တွေ့ရှိထားသည်။

သတင်း

အဆိုပါ ဆန္ဒပြပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက်ကာ ပါဝင်အင်အားဖြည့် ဆန္ဒပြခဲ့သည်။

သတင်း

စစ်ကောင်စီတပ်က တင်းတိမ်ရံရွာ ဈေးတန်းရှိ မီးသတ်ရုံးနေရာ၊ New Light လျှပ်စစ်ပစ္စည်း ဆိုင်နေရာနှင့် အင်းပတ်တန်း နေရာများသို့ (၃)နေရာခွဲ၍ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Local Fighter Squadအဖွဲ့က ပြောသည်။