Connect with us

Hi, what are you looking for?

သတင်း

အကြမ်းဖက်စစ်ကောင်စီအား နိုင်ငံတကာမိသားစုမှ အရေးယူ အပြစ်ပေးရန် ချင်းတပ် CNF တောင်းဆို

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

(ဖလမ်းမြိုနယ်၊ ဝေဘူလမြိုအား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)
(ဖလမ်းမြိုနယ်၊ ဝေဘူလမြိုအား ဧပြီ ၁၀ရက်က စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ပြီးနောက် ‌မြင်တွေ့ရစဥ်။ ဓာတ်ပုံ - The Chin Journal)

ပြည်သူလူထုများအပေါ် အစုလိုက်၊အပြုံလိုက်သတ်ဖြတ်မှု ကျူးလွန်နေသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို နိုင်ငံတကာမိသားစုမှ အရေးယူ အပြစ်ပေးမှုများ ပြုလုပ်ကြရန် အလေးအနက် တောင်းဆိုကြောင်း ချင်းအမျိုးသားတပ်ဦး(CNF)က ယနေ့ ထုတ်ပြန်တောင်းဆိုလိုက်သည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့ရှိ အပြစ်မဲ့ ပြည်သူများကိုဦးတည်ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းအပေါ် CNFက ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ဧပြီ ၁၀ရက်တွင် ဝေဘူလမြို့ လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများ အပါအဝင် အရပ်သား ၉ ဦးသေဆုံးခဲ့ရသည်။

Public Service Announcement
Public Service Announcement

အကြမ်းဖက် စစ်ကောင်စီ၏ အပြစ်မဲ့ ပြည်သူများအပေါ် အကြမ်းဖက်သတ်ဖြတ်သည့် စက်ဆုပ်ဖွယ် လုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၌ လူဦးရေ အနည်းဆုံးဖြစ်သည့် ချင်းလူမျိုးများအပေါ် အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

CNF/CNA ၏အနေဖြင့်လည်း နိုင်ငံရေး ခံယူချက်၊ ဦးတည်ချက်တူညီသည့် ညီနောင်မဟာမိတ်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများနှင့် အတူ ပြည်သူ့ဘက်က မားမား မတ်မတ် ရပ်တည်ပြီး စစ်အာဏာရှင်နစ် ကျဆုံးသည်အထိ အဆုံးတိုင် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့အပါအဝင်ဒေသတွင်းကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်တပ် အင်အား ရာချီထိခိုက်ကာ အလောင်းတွေ၊ လက်နက်ခဲယမ်းတွေ အများအပြားသိမ်းရခဲ့ကြောင်း ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)က ဒီကနေ့ မနက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တိုက်ပွဲအတွင်း စစ်တပ် ၁၀ဦးခန့်သေ၊ ထိခိုက်မှုများ