Connect with us

Hi, what are you looking for?

သတင်း

ဘုတလင်တွင်အကြမ်းဖက်​နေ​သောစစ်ကြောင်းကို စစ်ကောင်စီ ထပ်မံအင်အားဖြည့်

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။

စစ်​ကောင်စီတပ်သည် ​လေ​ကြောင်းမှ ဗုံးကြဲ၍ပြည်သူများကိုသတ်ဖြတ်မှုပြီးလျင် စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများကိုအကြမ်းဖက်သတ်ဖြတ်မှုမှာ ဒုတိယအများဆုံးကျူးလွန်​နေခြင်းဖြစ်သည်။ဓါတ်ပုံ-CJ

လူအေး/People’s Spring

ဘုတလင်မြို့နယ်တွင်​ စစ်​ကြောင်းထိုး၍ ​ဒေသခံပြည်သူများ အားအကြမ်းဖက်နေသည့်စစ်ကောင်စီတပ်စစ်ကြောင်းကို မုံရွာမြို့ရှိ အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်( နမခ) မှ လူအင်အား၊လက်နက်နှင့် ရိက္ခာများ ထပ်ဖြည့်တင်းပေးနေ​ကြောင်းစုံစမ်းသိရသည်။

“ကားတွေနဲ့ လာပို့တာ။ လမ်းမှာ ချိန်းပြီး ယူကြတယ်။ လူလဲတယ်။ ဒီစစ်ကြောင်းက ဘုတလင်မှာ ဆက်ပြီးမွှေနှောက်နေမှာ” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။

Public Service Announcement

Public Service Announcement

နမခမှထွက်လာသည့် ကား၅စီးသည်အောက်တိုဘာလ ၂၅ရက်နေ့လယ်ပိုင်းတွင် ဘုတလင်မြို့အဝင်အထိရောက်လာပြီး အင်အားဖြည့်တင်းသွားခြင်းဟု သိရသည်။

“ကားကြီးတစ်စီးက ဘုတလင် ကြောင်ပန်းလမ်းခွဲအထိ ရောက်လာတယ်။ သူတို့ လူတွေ ချိန်းတယ်။ လက်နက်‌ခဲယမ်းတွေလည်း ထပ်ပေးသွားတယ်” ဟု ဒေသခံတဦးကပြောသည်။

ထိုစစ်ကြောင်းသည် နမခမှ အောက်တိုဘာလဆန်းပိုင်းတွင် ဘုတလင်မြို့သို့ဝင်ရောက်လာပြီး စစ်ကြောင်းထိုး၍ ​​​ဒေသခံပြည်သူများကို ဖမ်းဆီးသတ်ဖြတ် ၊လူသားဒိုင်းလုပ်၍ နေအိမ်များကိုလည်းမီးရှို့နေခြင်းဖြစ်သည်။

‌အောက်တိုဘာလ ၁၂ရက်၊ ၁၃ရက် နှင့် ၁၈ရက်တွင် ဗန္ဓုလကွက်သစ်ရပ်ကွက်၊မြောက်ပြင်ရပ်နှင့်စီပါရွာကိုစီးနင်းပြီး ဒေသခံများအား အစုလိုက်

အပြုံလိုက်သတ်ဖြတ်မှုသုံးကြိမ် ကျူးလွန်ခဲ့ရာ ကလေးငယ် နှင့် အမျိုးသမီးများအပါအဝင် ဒေသခံ စုစုပေါင်း ၂၄ဦးကို ရက်ရက်စက်စက်သတ်ဖြတ်ထား သည်။

စစ်ကြောင်း၌ အင်အား ၁၀၀ ခန့်ရှိပြီးအောက်တိုဘာလ၂၆ ရက်နံနက်ပိုင်းတွင် ဘုတလင်မြို့ပေါ်ရှိ အ​ခြေခံပညာအထက်တန်းကျောင်း(အထက)နှင့် မြို့တော်ခန်းမအတွင်း တည်းခို​နေ​ကြောင်းသိရသည်။

ထိုစစ်ကြောင်း အန္တရာယ်ကြောင့် ဘုတလင်မြို့ပေါ်ရပ်ကွက်များအပြင် ဖိုကုန်း၊စီပါ ၊မွန်အို၊ညောင်ကန်၊ စိုင်းပြင်လေးနှင့် ဘေးပတ်ဝန်းကျင်ရွာများမှဒေသခံတစ်သောင်းကျော် ​ဘေးလွတ်မည်ထင်ရာသို့ထွက်​ပြေးတိမ်းရှောင်နေကြရကြောင်းသတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၂၆၊ ၂၀၂၆။People’s Spring ဘုတလင်မြို့နယ်မှာ ကျောင်းသားသမဂ္ဂရုံးခန်း စီးနင်းခံရပြီး ဗကသရဲဘော် ၃ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဥ် (၃)နှစ်ပြည့်အနေနဲ့ စစ် အာဏာရှင် စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၃ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းက ဘုတလင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ရဲ့...

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အရှေ့မြောက်ခြမ်းကို စစ်တပ်က လေယာဉ် ၇စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ရဲဘော် ၁ ဦး ကျဆုံးကာ အမျိုးသမီး ရဲဘော်တွေအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ်က ကျေးရွာတွေကို ပိတ်ဆို့ပြီး စစ်တပ်က စစ်ကြောင်းထိုးနေတာမို့ ပြည်သူသောင်းနဲ့ချီထွက် ပြေးနေရပြီး ကျေးရွာအတွင်း ပိတ်မိနေတဲ့ ပြည်သူတွေလည်းရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ပြည်သူ တစ်သိန်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရပါတယ်။