Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့မှ စစ်ကောင်စီသတင်းပေးတစ်ဦး၏ နေအိမ်ကို ဗိဿနိုးနယ်မြေ PDF တိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိ၊မရှိ အခြေအနေများကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

မကွေးတိုင်း ရေစကြိုမြို့ အမှတ်(၁) ရပ်ကွက်ရှိ အကြမ်း ဖက်စစ်ကောင်စီ သတင်းပေးဟု သတ်မှတ်ခံထားရသူ ဒလန်မြဝင်းစိန်၏ နေအိမ်ကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုရှိ၊မရှိ အခြေအနေများကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ရေစကြိုမြို့နယ်အတွင်း နေထိုင်သည့် အကြမ်းဖက်စစ်ကောင်စီ၏ လက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် ပြည်သူလူထုနှင့် အတူ ရပ်တည်ခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီ အလိုကျ ပြည်သူလူထုအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများ ဆောင်ရွက်နေသည့် စစ်တပ်နှင့် ရဲဝန်ထမ်းများအပါအဝင် CDM မလုပ်သည့် ဌာနဆိုင်ရာဝန်ထမ်းများ ၎င်းတို့၏ မိသားစုဝင်များ အသက်အိုးအိမ်စည်းစိမ်တို့အား လုံး၀ တာဝန်ယူမည်မဟုတ်ကြောင်းလည်း ဗိဿနိုးနယ်မြေ PDFက သတိ ပေးချက်ထုတ်ပြန်ခဲ့သည်။

ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး ပြည်သူ လူထုများ ပူးပေါင်းပါဝင်ကြရန် မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။