Connect with us

Hi, what are you looking for?

News

ဝက်လက်မြို့နယ် ရဲကင်းစခန်းတစ်ခုကို PDF ဝင်တိုက် ၍ ရဲနှစ်ဦး​သေ

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကူများ ထပ်မံရောက်ရှိလာ၍ ဝက်လက်-PDF မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဝက်လက် PDF နှင့် နီးစပ်သူများက ဆိုသည်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်တွင် ​ဒေသခံ PDF အဖွဲ့က ရဲကင်းစခန်းတစ်ခု ဝင်ရောက်တိုက်ခိုက်၍ ရဲနှစ်ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။

ယနေ့( စက်တင်ဘာ၉ ရက်)နံနက် ၉ နာရီခန့်က ဝက်လက်မြို့နယ် ရွှေပန်းကုန်းရွာမှ အကြမ်းဖက်စစ်ကောင်စီ ရဲကင်းစခန်းအားဝက်လက်-PDF မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲသားနှစ်ဦး ကျည်ထိမှန်သေဆုံးကာ ရဲသားအချို့ ထိခိုက်ဒဏ်ရာ ရရှိသွားကြောင်း ဒေသခံများက ပြော သည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကူများ ထပ်မံရောက်ရှိလာ၍ ဝက်လက်-PDF မှ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဝက်လက် PDF နှင့် နီးစပ်သူများက ဆိုသည်။

“ရဲစခန်းအနီးမှာ ကင်းပုန်းတွေ ချထားပြီး အင်အားထပ်ဖြည့်ထားတယ်။ အရာတော်ဘက်ကနေလည်း စစ်ကားတွေထွက်လာနေတယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အခင်းဖြစ်ပွားရာ ရွှေပန်းကုန်းရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေပြီး နေအိမ်တစ်အိမ်မှ ကားတစ်စီးယူသွားခဲ့ကြောင်း ဒေသခံတို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook