Connect with us

Hi, what are you looking for?

News

သုံးရက်အတွင်းစစ်ကောင်စီ၏ပစ်မှတ် ၆၀ကျော်ကိုမန္တလေးတိုင်းPDF တိုက်ခိုက်

မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးပြီးမြောက်သည့် အခြေအနေပြ ဇယားကိုလည်း ဖော်ပြခဲ့ရာ မန္တလေး၊ ကျောက်ဆည်၊ စဉ့်ကူး၊ မတ္တရာ၊ မြင်းခြံ၊ မြင်းခြံခရိုင်များ၌ စစ်ဆင်ရေးပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုခုခံစစ်စတင်ရန် ကြေညာပြီးသုံးရက်အတွင်း စစ်ကောင်စီကို ပစ်မှတ်ထားတိုက်ခိုက်မှု ၆၄ကြိမ်ရှိသည်ဟု မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ၇ ရက်တွင် အရေးပေါ်အခြေအနေ ကြေညာခဲ့ချိန်မှစ၍ စစ်ကောင်စီကို တုံ့ပြန်တိုက်ခိုက်သော လှုပ်ရှားမှုများအား မန္တလေးတိုင်းဒေသကြီး အနှံ့အပြားတွင် အဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

စက်တင်ဘာ၇ရက်မှ ၉ရက်အတွင်း ထိတွေ့တိုက်ပွဲဖော်ဆောင်မှု ၆၄ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရမှုများစွာ ရှိခဲ့သည်ဟု ဆိုသည်။

မန္တလေးတိုင်းအတွင်း စစ်ဆင်ရေးပြီးမြောက်သည့် အခြေအနေပြ ဇယားကိုလည်း ဖော်ပြခဲ့ရာ မန္တလေး၊ ကျောက်ဆည်၊ စဉ့်ကူး၊ မတ္တရာ၊ မြင်းခြံ၊ မြင်းခြံခရိုင်များ၌ စစ်ဆင်ရေးပြုလုပ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စုစုပေါင်း တိုက်ခိုက်မှု ၆၄ကြိမ်ရှိရာ ခန်းမတစ်ကြိမ်၊ Mytel တာဝါတိုင်သုံးကြိမ်၊ ရဲ/ရဲစခန်း ရှစ်ကြိမ်၊ အထိုင်ကင်း/လှည့်ကင်း ၂၆ကြိမ်၊ အုပ်ချုပ်ရေး ယန္တရား ၂၆ ကြိမ်တို့ ဖြစ်သည် ဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ဗုံးအသုံးပြုမှု ၈၀ရာခိုင်နှုန်းရှိပြီး သေနတ်အသုံးပြုမှု ၁၄ရာခိုင်နှုန်းရှိသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၏ လမ်းညွှန်မှုများနှင့်အတူ စစ်အာဏာရှင်နိဂုံးချုပ်သည့်အထိ ပြည်သူလူထုကို ကာကွယ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမည်ဟုလည်း ကြေညာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook