Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းယူခြင်းမဟုတ်ဘဲ ထိန်းသိမ်းတာလို့အာဏာသိမ်းစစ်ကောင်စီက သံတမန်တွေကို ခေါ်​ရှင်း

ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပဖို့ နီးကပ်လာချိန်မှာ အကြမ်းဖက်စစ်ကောင်စီက သံတမန်တွေကို ရန်ကုန် မြို့၊ ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားစတူဒီယိုမှာ ဖိတ်ခေါ်ရှင်းလင်းခဲ့တာပါ။

လက်ရှိအခြေအနေဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခြင်းမဟုတ်ဘဲ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့ စစ်ကောင်စီရဲ့လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးက နိုင်ငံတကာသံတမန်တွေကို မနေ့က ဖိတ်ခေါ်ရှင်းလင်းခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအများစုက ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ နိုင်ငံ့ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့မှုကို အာဏာသိမ်းမှုအဖြစ် ရှုမြင်လက်ခံထားချိန်မှာ အကြမ်းဖက်စစ်တပ်က အာဏာထိန်းခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပဖို့ နီးကပ်လာချိန်မှာ အကြမ်းဖက်စစ်ကောင်စီက သံတမန်တွေကို ရန်ကုန် မြို့၊ ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားစတူဒီယိုမှာ ဖိတ်ခေါ်ရှင်းလင်းခဲ့တာပါ။

အဲဒီသံတမန်ရှင်းလင်းပွဲကို မြောက်ကိုရီးယား၊ အစ္စရေး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အီဂျစ် နိုင်ငံ ၅ နိုင်ငံသာ သံအမတ်ကြီးတွေ တက်ရောက်ခဲ့တာဖြစ်ပြီး ကျန်သံရုံးတွေကတော့ သံရုံးယာယီတာဝန်ခံတွေ၊ သံရုံးအကြီး အကဲတွေနဲ့၊ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် အနောက်နိုင်ငံအများစုက မတက်ရောက်ခဲ့ပါဘူး။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီး ၇ လကျော်လာချိန်အထိ ရုရှား၊ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကလွဲ လို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများစုက စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ်လက်ခံအသိအမှတ်ပြုခြင်းမ ရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ အစုအဖွဲ့ပေါင်းစုံရဲ့ သဘောထား အမြင်တွေကို ကိုယ်စားပြု ထင်ဟပ်စေမယ့် ဒီမိုကရက်တစ် အုပ်ချုပ်မှု လမ်းစဉ်မျိုး ပေါ်ထွန်းလာနိုင်အောင် NUGက ကြိုးစားနေတဲ့အပေါ် အတိုင်ပင်ခံပုဂ္ဂိုလ်ရှိုလတ်က အသိအမှတ်ပြု ကြိုဆိုခဲ့ပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။