Connect with us

Hi, what are you looking for?

News

အာဏာသိမ်းယူခြင်းမဟုတ်ဘဲ ထိန်းသိမ်းတာလို့အာဏာသိမ်းစစ်ကောင်စီက သံတမန်တွေကို ခေါ်​ရှင်း

ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပဖို့ နီးကပ်လာချိန်မှာ အကြမ်းဖက်စစ်ကောင်စီက သံတမန်တွေကို ရန်ကုန် မြို့၊ ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားစတူဒီယိုမှာ ဖိတ်ခေါ်ရှင်းလင်းခဲ့တာပါ။

လက်ရှိအခြေအနေဟာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းယူခြင်းမဟုတ်ဘဲ နိုင်ငံတော်ရဲ့အာဏာအရပ်ရပ်ကို ထိန်းသိမ်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့ စစ်ကောင်စီရဲ့လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးက နိုင်ငံတကာသံတမန်တွေကို မနေ့က ဖိတ်ခေါ်ရှင်းလင်းခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံအများစုက ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ နိုင်ငံ့ ခေါင်းဆောင်တွေကို ဖမ်းဆီးခဲ့မှုကို အာဏာသိမ်းမှုအဖြစ် ရှုမြင်လက်ခံထားချိန်မှာ အကြမ်းဖက်စစ်တပ်က အာဏာထိန်းခြင်းဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံကျင်းပဖို့ နီးကပ်လာချိန်မှာ အကြမ်းဖက်စစ်ကောင်စီက သံတမန်တွေကို ရန်ကုန် မြို့၊ ပြည်လမ်းမှာရှိတဲ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားစတူဒီယိုမှာ ဖိတ်ခေါ်ရှင်းလင်းခဲ့တာပါ။

အဲဒီသံတမန်ရှင်းလင်းပွဲကို မြောက်ကိုရီးယား၊ အစ္စရေး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အီဂျစ် နိုင်ငံ ၅ နိုင်ငံသာ သံအမတ်ကြီးတွေ တက်ရောက်ခဲ့တာဖြစ်ပြီး ကျန်သံရုံးတွေကတော့ သံရုံးယာယီတာဝန်ခံတွေ၊ သံရုံးအကြီး အကဲတွေနဲ့၊ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် အနောက်နိုင်ငံအများစုက မတက်ရောက်ခဲ့ပါဘူး။

အကြမ်းဖက်စစ်တပ် အာဏာသိမ်းပြီး ၇ လကျော်လာချိန်အထိ ရုရှား၊ တရုတ်နဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့ကလွဲ လို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအများစုက စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ်လက်ခံအသိအမှတ်ပြုခြင်းမ ရှိသေးပါဘူး။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။