Connect with us

Hi, what are you looking for?

LuduNwayOo

News

ငါးရက်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ် ၁၂ခုကို မြိုင်PDF တိုက်ခိုက်

မြိုင် PDF တိုက်ခိုက်ခဲ့သည့် ပစ်မှတ်များတွင် Mytel တာဝါတိုင်၊ စစ်ကောင်စီ သတင်းပေး၊ စစ်ယာဉ်တန်းတို့ ပါဝင်သည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် စက်တင်ဘာ ၆ရက်မှ ၁၀ရက်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ် ၁၂ခုကိုတိုက်ခိုက်ခဲ့သည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

မြိုင် PDF တိုက်ခိုက်ခဲ့သည့် ပစ်မှတ်များတွင် Mytel တာဝါတိုင်၊ စစ်ကောင်စီ သတင်းပေး၊ စစ်ယာဉ်တန်းတို့ ပါဝင်သည်။

စက်တင်ဘာ ၆ရက်မှ ၁၀ရက်အတွင်း ဒေသခံ ကာကွယ် ရေးအဖွဲ့များနှင့် ပူးပေါင်းကာ မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စီးပွားရေးဖြစ်သော Mytel တာဝါတိုင် ​ခြောက်တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ သတင်းပေး ဒေါက်တိုင်ဒလံ ​​လေးဦးကို သတိပေးပစ်ခတ်ခဲ့သည်ဟု လည်းဆိုသည်။

စက်တင်ဘာ ၉ရက်တွင် မြိုင်-ပုလဲ နယ်စပ်၌ စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို PRA၊ ပုလဲ PDF၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီကို ဆက်ကြေးပေးကာ ပြေးဆွဲနေသည့် ဆီဘောက်စာတစ်စီးကိုလည်း သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။