Connect with us

Hi, what are you looking for?

News

ငါးရက်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ် ၁၂ခုကို မြိုင်PDF တိုက်ခိုက်

မြိုင် PDF တိုက်ခိုက်ခဲ့သည့် ပစ်မှတ်များတွင် Mytel တာဝါတိုင်၊ စစ်ကောင်စီ သတင်းပေး၊ စစ်ယာဉ်တန်းတို့ ပါဝင်သည်။

မကွေးတိုင်း မြိုင်မြို့နယ်တွင် စက်တင်ဘာ ၆ရက်မှ ၁၀ရက်အတွင်း စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ် ၁၂ခုကိုတိုက်ခိုက်ခဲ့သည်ဟု မြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

မြိုင် PDF တိုက်ခိုက်ခဲ့သည့် ပစ်မှတ်များတွင် Mytel တာဝါတိုင်၊ စစ်ကောင်စီ သတင်းပေး၊ စစ်ယာဉ်တန်းတို့ ပါဝင်သည်။

စက်တင်ဘာ ၆ရက်မှ ၁၀ရက်အတွင်း ဒေသခံ ကာကွယ် ရေးအဖွဲ့များနှင့် ပူးပေါင်းကာ မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ စီးပွားရေးဖြစ်သော Mytel တာဝါတိုင် ​ခြောက်တိုင်ကို ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

မြိုင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ သတင်းပေး ဒေါက်တိုင်ဒလံ ​​လေးဦးကို သတိပေးပစ်ခတ်ခဲ့သည်ဟု လည်းဆိုသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၉ရက်တွင် မြိုင်-ပုလဲ နယ်စပ်၌ စစ်ကောင်စီယာဉ်တန်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို PRA၊ ပုလဲ PDF၊ ဒေသခံကာကွယ်ရေးအဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီကို ဆက်ကြေးပေးကာ ပြေးဆွဲနေသည့် ဆီဘောက်စာတစ်စီးကိုလည်း သတိပေးဖောက်ခွဲမှု ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook