Connect with us

Hi, what are you looking for?

News

ဂန့်ဂေါပြည်သူများသေဆုံးခဲ့ရမှုအတွက် သွေးကြွေး ဆပ်မည်ဟု တမူးPDFထုတ်ပြန်

တမူး PDF၏ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့်အရေးကြီးအကြောင်းမရှိပဲခရီးထွက်ခြင်း၊ ကားများကိုမှန်ချမောင်းနှင်ခြင်း၊ကုန်တင်ယာဥ်များမိုးကာမအုပ်ခြင်းစသည့်အချက်များကိုလိုက်နာဆောင်ရွက်ပေးကြပါရန် နောက်ဆုံးအကြိမ်အနေဖြင့် အသိပေးကြောင်း ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များ၏ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် မကွေးတိုင်း ဂန့်ဂေါမြို့နယ် မြင်သားရွာမှ ကျေးရွာကာကွယ်ရေးအဖွဲ့ဝင် လူငယ်များ ကျဆုံးခဲ့ရာ ယင်းဖြစ်ရပ်အပေါ် သွေးကြွေးဆပ်မည်ဟု တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(TSG)က ထုတ်ပြန်သည်။

“စစ်ကောင်စီသိစေရန် -ယနေ့ဂန့်ဂေါဖြစ်စဥ်တွင်အပြစ်မဲ့ပြည်သူများသေဆုံးခဲ့ရမှုနှင့် ပတ်သက်၍ စစ်ကောင်စီနှင့် ယင်းတို့၏အပေါင်းအပါမိသားစုဝင်များအားမိမိတို့Tamu PDF(TSG)အနေဖြင့်သွေးကြွေးဆပ်သွားမည်” ဟု ဖော်ပြသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာ ၉ရက်တွင် မြင်သားရွာသို့ ဝင်ရောက်စီးနင်းရာ ကျေးရွာလူငယ်အဖွဲ့က ခုခံခဲ့၍ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး အနည်းဆုံး ကျေးရွာလူငယ် ၁၁ဦးသေဆုံးခဲ့သည်။ စစ်ကောင်စီတပ်သည် မြင်သားရွာရှိ နေအိမ်များကို မီးရှို့ခဲ၍ နေအိမ် ၂၀ ထက်မနည်း မီးလောင်ခဲ့သည်ဟု ဒေသခံက ပြော သည်။ စစ်ကောင်စီတပ်သည် ယနေ့တွင်လည်း မြင်သားရွာအနီးရှိ နှမ်းခါးရွာသို့ ဝင်ရောက်စီးနင်းရာ ဒေသခံများနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့သည်။ စစ်ကောင်စီအနေဖြင့် နှမ်းခါးရွာမှ နေအိမ်အများအပြားကိုလည်း မီးရှို့ခဲ့သည်။

တမူး PDF၏ ထုတ်ပြန်ချက်တွင် ပြည်သူများအနေဖြင့်အရေးကြီးအကြောင်းမရှိပဲခရီးထွက်ခြင်း၊ ကားများကိုမှန်ချမောင်းနှင်ခြင်း၊ကုန်တင်ယာဥ်များမိုးကာမအုပ်ခြင်းစသည့်အချက်များကိုလိုက်နာဆောင်ရွက်ပေးကြပါရန် နောက်ဆုံးအကြိမ်အနေဖြင့် အသိပေးကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

တိုက်တွန်းနှိုးဆော်ချက်အားလိုက်နာဆောင်ရွက်ခြင်းမရှိသည့် ယာဥ်များကိုမှားယွင်းပစ်ခတ်မိပါက တာဝန်ယူမည်မဟုတ်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook