Connect with us

Hi, what are you looking for?

News

ပါစကွားလယ်နှင့်ဖီ​ဒေးလယ် တို့အတွက် အကြမ်းဖက်စစ်​ကောင်စီကို ဒီ​မောဆို PDF လက်တုံ့ပြန်မည်

“အပြစ်မဲ့ စစ်ရှောင်နေကြသော ပြည်သူလူထုများအား မတရား ဖမ်းဆီး ရက်ရက်စက်စက်သတ်ဖြတ်နေသောလုပ်ရပ်များကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် DMO PDF မှ လုံးဝ လက်တုံ့ပြန်ဆောင်ရွက်မည် ဖြစ်သည်” ဟု သတိ့​ပေးထားခြင်းဖြစ်သည်။

အွန်လိုင်း​ပေါ်တွင်ယ​နေ့ ပျံ့နှံ့​နေ​သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ​ရှေ့တွင် နှိပ်စက်ခံထားရ​သောဒဏ်ရာများဖြင့်လက်တစ်ဖက်စီကိုကြိုးတုတ်ခံထားရပြီး ဒူး​ထောက်လျှက် လက်သုံး​ချောင်း​ထောင်​နေ​သောလူငယ်နှစ်ဦးမှာ ဒီမော့ဆိုမြို့နယ် ၊ စံပြ (၆)မိုင်ကျေးရွာမှ စစ်​ဘေး​ဒုက္ခသည် မောင်ပါစကွားလယ် နှင့် မောင်ဖီဒေးလယ် တို့ နှစ်ဦးဖြစ်ကာ အပစ်မဲ့ပြည်သူများကို အာဏာသိမ်းစစ်​ကောင်စီက မတရားဖမ်းဆီး ရက်ရက်စက်စက်သတ်ဖြတ်​နေ​သောလုပ်ရပ်ကို ဒီ​မောဆိုး PDF ကလက်တုံ့ပြန်မည်ဟု ထုတ်ပြန်သည်။

မြေပြင်သတင်းအတည်ပြုချက်အရ ဖမ်းဆီးခံရသူနှစ်ဦးမှာ စံပြ (၆)မိုင်ကျေးရွာ ကယောပိုင်းတွင်
နေထိုင်ကြသူများဖြစ်ပြီး စက်တင်ဘာလ (၈) ရက်နေ့မှာ ရွာ ကို ခေတ္တပြန်စဥ် စစ်​ကောင်စီတပ်က ဖမ်းဆီးခံရခြင်း ဖြစ်ပြီး ၎င်းတို့မှာ PDF မဟုတ်ကြဘဲ စစ်ရှောင်နေကြသည့်အသက်မပြည့်‌​သေး​သောကလေးများသာဖြစ်သည်ဟုလည်း​ဖော်ပြထားသည်။

“အပြစ်မဲ့ စစ်ရှောင်နေကြသော ပြည်သူလူထုများအား မတရား ဖမ်းဆီး ရက်ရက်စက်စက်သတ်ဖြတ်နေသောလုပ်ရပ်များကို ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ် DMO PDF မှ လုံးဝ လက်တုံ့ပြန်ဆောင်ရွက်မည် ဖြစ်သည်” ဟု သတိ့​ပေးထားခြင်းဖြစ်သည်။

အဆိုပါလူငယ်နှစ်ဦး၏ စစ်အာဏာရှင်ဆန့်ကျင်​သော သ​ကေ်တဖြစ်​သော လက်သုံး​ချောင်း​ထောင်​နေ​သော ပုံမှာ ယ​နေ့ သတင်းဌာန များနှင့် ​ဖေစ်ဘွခ်တွင် လူစိတ်ဝင်စားဆုံးအ​ကြောင်းအရာဖြစ်သည်။ ထိုဓါတ်ပုံကို စတင်ခဲ့သည်ဟု ယူဆရ​သော စစ်​ကောင်စီတပ်ဖွဲ့ဝင် ရဲတစ်ဦးဖြစ်​သော A T Zaw အမည်ရှိ​ဖေစ်ဘွခ်အ​ကောင့်ပိုင်ရှင်က “​ခေါင်းထဲကို ကြည်ပြစ်မသွင်းခင် ကိုယ်ကြိုက်တာ ကိုယ်လုပ်ခွင့်​ပေးလိုက်ချိန် ” ဟု ​ယ​နေ့ ​နေ့ခင်းပိုင်းတွင်လှောင်​ပြောင်၍ တင်ခဲ့သည်။​ဖေစ့်ဘွခ်တွင် လူ​ပြောများလာပြီး​နောက်ထိုပိုစ်ကို ပြန်ဖျက်သွားသည် ကို​တွေ့ရသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖဲရှုံးပြီး ဖုန်းခိုးယူမှုအရေးယူခံရမှာကြောက်တာကြောင့် စစ်တပ်ထံ အညံ့ခံသွားတဲ့ PDF ရဲဘော်သတင်းပေးမှုကြောင့် စစ်တပ်က ဘုတလင်မြို့နယ် အရှေ့တောင်ခြမ်းကို ​လေ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Trending

Facebook