Connect with us

Hi, what are you looking for?

News

အရေးယူဒဏ်ခတ်မှုတွေကတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ်လို့ ဗြိတိန်ပြော

ဗြိတိန်ဟာ စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှုတွေကတစ်ဆင့် ဆက်လက်ဖိအားပေးမှာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ဖို့ အခြားနည်းလမ်းတွေကိုလည်း အသုံးပြုသွားမယ်လို့ သူက ဆိုပါတယ်။

အရေးယူဒဏ်ခတ်မှုတွေကတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီကို ဆက်လက်ဖိအားပေးသွားမယ်လို့ ဗြိတိန်သံ အမတ်ကြီးဆိုင်မွန်မန်လေးက ပြောပါတယ်။

ဒီနေ့စတင်ကျင်းပတဲ့ (၄၈)ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား (IIMM)က အစီရင်ခံစာတင်သွင်းခဲ့ပြီး အပြန်အလှန်ဆွေးနွေးမှုမှာ ဗြိတိန်သံအမတ်ကြီးက ပါဝင်ပြောကြားခဲ့တာဖြစ်ပါတယ်။

“မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ကျွန်တော်တို့ ပြစ်တင်ရှုတ်ချပါတယ်။ ဒီမိုကရေစီနည်းကျရွေးကောက်ခံ အစိုးရဆီကို အာဏာပြန်လွှဲဖို့ စစ်ကောင်စီကို ကျွန်တော်တို့ ထပ်မံတောင်းဆိုပါတယ်။ နောက်ပြီး စစ်ကောင်စီရဲ့ မြန်မာပြည်သူတွေအပေါ် ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆုံးသတ်ပေးပါ။ အဲဒီလိုချိုးဖောက်မှု တွေအတွက် တာဝန်ခံမှုရှိခြင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရေရှည်တည်ငြိမ်ရေးအတွက် သော့ချက်ကျ ပါတယ်”လို့ သံအမတ်ကြီး ဆိုင်မွန်မန်လေးက ပြောပါတယ်။

ဗြိတိန်ဟာ စစ်ကောင်စီကို အရေးယူဒဏ်ခတ်မှုတွေကတစ်ဆင့် ဆက်လက်ဖိအားပေးမှာဖြစ်ပြီး စစ်ကောင်စီရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး တုံ့ပြန်ဖို့ အခြားနည်းလမ်းတွေကိုလည်း အသုံးပြုသွားမယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ဗြိတိန်ဟာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရား(IIMM)ကို ကူညီထောက်ပံ့မှု ဆက်လက်ပေးအပ်သွားမယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ အပြစ်ပေးခံရခြင်းမရှိဘဲ ကျူးလွန်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး မြန်မာစစ်တပ်ဟာ သူတို့ကိုယ်သူတို့တာဝန်ခံမှုရှိတဲ့ မပြောပလောက်တဲ့တိုးတက်မှုကိုပဲ မြင်တွေ့ရတယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

လက်တွေ့မှာ စစ်ကောင်စီဟာ ကလေးငယ်တွေအပါ အဝင် မရေမတွက်နိုင်တဲ့ အပြစ်မဲ့ဆန္ဒပြသူတွေကိုသတ်ဖြတ် ခြင်းနဲ့အတူ အခွင့်အရေးတွေနဲ့ လွတ်လပ်မှုတွေကို ဖြိုခွင်းဖို့ အာဏာသိမ်းမှုကို အသုံးပြုခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်အမေရိကမှာ ထားရှိပြီး ဒေါ်လာ ဘီလီယံနဲ့ချီ တန်ဖိုးရှိတဲ့ ရွှေချောင်းတွေကို ဗြိတိန်ဆီ ပြောင်းရွှေ့ အပ်နှံခဲ့ကြောင်း နယ်သာလန် ဗဟိုဘဏ် (DNB)က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

ဗြိတိန် ဝန်ကြီးချုပ် အဖြစ်ကနေ နုတ်ထွက်ပြီး မကြာခင်မှာပဲ လွှတ်တော်အမတ် နေရာကိုပါ စွန့်လွှတ်တော့မယ်လို့ ဆာကီရာ စတာမာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဆီက ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဗြိတိန်ဟာ ယူကရိန်းကို မယိမ်းမယိုင် ဆက်လက် အားပေး ကူညီသွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် အန်ဒီ ဘန်ဟမ်က ပြောကြားခဲ့ပါတယ်။