Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းပြီးနောက် စစ်တပ်ကျူးလွန်တဲ့ ရာဇဝတ်မှု အချက်အလက်ပေါင်း နှစ်သိန်းကျော် ရရှိထားတယ်လို့ IIMM အကြီးအကဲပြော

ဒီနေ့စတင်တဲ့ ကုလလူ့အခွင့်အရေးကောင်စီအစည်း အဝေးမှာ IIMM အကြီးအကဲက တင်ပြပြောဆိုခဲ့တာဖြစ်ပြီး ကနဦးလေ့လာဆန်းစစ်ချက်တွေအရ စစ်တပ်ကျူး လွန်တဲ့ရာဇဝတ်မှုတွေဟာ နေရာအနှံ့ကျယ်ကျယ်ပြန့်ပြန့် တွေ့ ရှိရသလို စနစ်တကျ အစီအစဉ်ချ ကျူးလွန်လုပ်ဆောင်ခဲ့တာကိုလည်း ပြသနေတယ်လို့ ထည့်သွင်းပြောကြားပါတယ်။

တစ်နေ့မှာ တရားမျှတမှုရရှိရမယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဖော်ပြ

အာဏာသိမ်းမှုနောက်ပိုင်း စစ်တပ်ရဲ့ရာဇဝတ်မှုကျူး လွန်မှုတွေနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်ပေါင်း ၂၁၉,၀၀၀ကျော်ကို လက်ဝယ်စုဆောင်းထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေး ယန္တရား(IIMM) အကြီးအကဲ Mr.Nicholas Koumjian က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီကို တင်ပြပါတယ်။

ဒီနေ့စတင်တဲ့ ကုလလူ့အခွင့်အရေးကောင်စီအစည်း အဝေးမှာ IIMM အကြီးအကဲက တင်ပြပြောဆိုခဲ့တာဖြစ်ပြီး ကနဦးလေ့လာဆန်းစစ်ချက်တွေအရ စစ်တပ်ကျူး လွန်တဲ့ရာဇဝတ်မှုတွေဟာ နေရာအနှံ့ကျယ်ကျယ်ပြန့်ပြန့် တွေ့ ရှိရသလို စနစ်တကျ အစီအစဉ်ချ ကျူးလွန်လုပ်ဆောင်ခဲ့တာကိုလည်း ပြသနေတယ်လို့ ထည့်သွင်းပြောကြားပါတယ်။

အပြည်ပြည်ဆိုင်ရာဥပဒေအရ သတ်ဖြတ်မှု၊ မထင်ရင် မထင်သလို ဖမ်းဆီးချုပ်နှောင်မှုတွေကို အရပ်သားများအား ကျယ်ကျယ်ပြန့်ပြန့် သို့မဟုတ် စနစ်တကျတိုက် ခိုက်မှုရဲ့ အစိတ်အပိုင်းတခုအဖြစ် ကျူးလွန်တဲ့အခါ အဲဒီ ရာဇဝတ် မှုတွေကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအဖြစ် သတ်မှတ်တယ်လို့ IIMM အကြီး အကဲက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဒီရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးမှုဟာ ယန္တရားရဲ့ လုပ်ပိုင်ခွင့်အတွင်း ကျရောက်နေပါတယ်။ ဒီအတွက်ကြောင့် ယန္တရားဟာ အဲဒီဖြစ်ရပ်တွေနဲ့ဆိုင်တဲ့ ရရှိနိုင်သမျှ အထောက်အထားတွေကို မှန်၊ မမှန်အတည်ပြုဖို့နဲ့ ပိုင်းခြားစိတ်ဖြာဖို့ လုပ်ဆောင်နေပြီး ဖြစ်နိုင်ပါက ရာဇဝတ်မှုအတွက် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဖော်ထုတ်နိုင်ဖို့ ကြိုးစားနေပါတယ်” လို့ Mr.Nicholas Koumjian က လူ့အခွင့်အရေးကောင်စီကို အစီရင်ခံပါတယ်။

IIMM အကြီးအကဲ Mr.Nicholas Koumjian ရဲ့အစီရင်ခံမှုနဲ့ပတ်သက်ပြီး ကုလလူ့အခွင့်အရေးကောင်စီရဲ့ တွစ် တာစာမျက်နှာမှာ “တစ်နေ့မှာ တရားမျှတမှုရရှိရမယ်” လို့ ရေးသားဖော်ပြပါတယ်။

IIMM ကနဦးရရှိထားတဲ့ အထောက်အထားတွေအရ ရန်ကုန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး၊ မကွေးနဲ့ စစ်ကိုင်း အပါအဝင် မြန်မာနိုင်ငံ တနံတလျားမှာ လူ၁,၀၀၀ခန့် သေဆုံးခဲ့တာကို တွေ့ရပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ ဂျာနယ် လစ်များ၊ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကဲ့သို့ သီးသန့်လူတန်းစားတရပ်ကို စနစ်တကျ ပစ်မှတ်ထား ပြီး နေရာဒေသအသီးသီးမှာ စနစ်တကျ ကျူးလွန်ခဲ့တာကို တွေ့ရတယ်လို့ဆိုပါတယ်။

ဆက်လက်ပြီး လူထောင်ပေါင်းများစွာလည်း ဥပဒေဘောင်တွင်းမှ မဟုတ်ဘဲ မတရား ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရတယ်လို့ IIMM အကြီးအကဲက ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေရှင်းလင်းစစ်ဆင်ရေးများစတင်ပြီး လေးနှစ်ကြာလာ ချိန်အထိ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်နေရဆဲ ဖြစ်ပြီး မီးရှို့ခံခဲ့ရ၊ ဘူဒိုဇာနှင့် ထိုးပြီးဖျက်ဆီးခံရတဲ့ သူတို့ရဲ့ အိမ်တွေကို ပြန်နိုင်နိုးနိုး မျှော်လင့်ချက်နဲ့ သူတို့ ဘဝတွေ ရှေ့မဆက်နိုင် ဖြစ်နေတယ်လို့ Mr.Nicholas Koumjian က ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီးကတည်းက ဒေသအသီးသီးက ထောင်ပေါင်းများစွာသော မြန်မာြပည်သူတွေဟာ ကိုယ့်ရပ်ကိုယ့်ရွာကို စွန့်ခွာထွက်ပြေးခဲ့ရတဲ့အတွက် တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက်ပျက်စီးခဲ့သလို အိမ်နီးချင်းနိုင်ငံများရဲ့ သယံဇာတတွေကိုလည်း ထိခိုက်စေခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါ့ကြောင့် ရာဇဝတ်မှုကျူးလွန်သူတွေကို အရေးမယူနိုင်တဲ့ အခြေအနေကို အဆုံးသတ်ဖို့၊ အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ဖို့ အရင်ကထက် ပိုမိုလိုအပ်နေတယ်လို့ IIMM အကြီးအကဲက ကောင်စီကို ထောက်ပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။