Connect with us

Hi, what are you looking for?

News

ကလေးမြို့မရဲစခန်းမှ ပထမဆုံးCDM လုပ်ခဲ့သောပြည်သူ့ရဲတစ်ဦး မင်းကင်းတိုက်ပွဲတွင် ကျဆုံး

အိန္ဒိယနိုင်ငံမီဇိုရမ်ဒေသတွင်ခေတ္တတိမ်းရှောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ဇွန်လအတွင်းတွင်ပြန်လည်ရောက်ရှိလာကာ PDF(kalay)နှင့်အတူ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုကို ပါ၀င်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ကလေးမြို့ မြို့မရဲစခန်းမှ ပထမဆုံး CDM ပြုလုပ်ခဲ့သူ ရဲဝန်ထမ်းတစ်ဦးသည် ပြည်သူ့တပ်ဖွဲ့နှင့်အတူ စစ်အာဏာရှင်ကို တော်လှန်ရင်း မင်းကင်းတိုက်ပွဲတစ်ခုတွင် ကျဆုံးသွားကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

ကျဆုံးသူ ရဲတပ်သားကိုလှမျိုးထွဋ်သည် ကလေးတက္ကသိုလ်မှဘွဲ့ရရှိပြီးနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ၀င်ရောက်ခဲ့ပြီး မုံရွာမြို့လုံခြုံရေးရဲတပ်ရင်းမှ ကလေးမြို့ မြို့မရဲစခန်းသို့ပြောင်းရွေ့တာ၀န်ထမ်းဆောင်ခဲ့ကာ ဖေဖော်ဝါရီလ ၁ ရက်တွင်အကြမ်းဖက်စစ်အုပ်စုမှ မတရားအာဏာသိမ်းယူမှုကြောင့် ကလေးမြို့မရဲစခန်းတွင် ပထမဆုံးCDM ရဲတပ်သားအဖြစ် နွေဦးတော်လှန် ရေးတွင်ပြည်သူများနှင့် အတူရပ်တည်ခဲ့သူတစ်ဦးဖြစ်သည်။

အိန္ဒိယနိုင်ငံမီဇိုရမ်ဒေသတွင်ခေတ္တတိမ်းရှောင်ခဲ့ပြီး မြန်မာနိုင်ငံအတွင်းသို့ ဇွန်လအတွင်းတွင်ပြန်လည်ရောက်ရှိလာကာ PDF(kalay)နှင့်အတူ လက်နက်ကိုင်တော်လှန်ရေးလှုပ်ရှားမှုကို ပါ၀င်လှုပ်ရှားခဲ့ခြင်းဖြစ်သည်။

ကိုလှမျိုးထွဋ် သည် မင်းကင်းမြို့၌ စစ်အာဏာကို တော်လှန်ရင်း ကျဆုံးခဲ့ရသည်ဟုသိရှိရပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းနေပြီး ဆက်လက်ဖော်ပြသွားမည်ဖြစ်ကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်းတစ်ဦးလည်းဖြစ်သူ ကိုလှမျိုးထွဋ်သည် ကလေးတက္ကသိုလ်တွင် သမိုင်းဘာသာရပ်အထူးပြုဖြင့် ပညာဆည်းပူးခဲ့သောကျောင်းသားတစ်ဦးဖြစ်ပြီးကျောင်းသားဘ၀တစ်လျောက်လုံး၌လည်း အဆောင်နေကျောင်းသားထုများ၏ ရပိုင်ခွင့်များနှင့်ပတ်သက်၍ တက်ကြွစွာတောင်းဆို ဆောင်ရွက်ခဲ့သောကျောင်းသားတစ်ဦးဖြစ်သည်။၂၀၁၇ ခုနှစ်တွင် ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ တကသ စတင်တည်ထောင်ချိန်တွင် ဦးဆောင်ပါ၀င်ခဲ့သူဖြစ်ပြီး အမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌတာ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ကျောင်းအကျိုး ကျောင်းသားထုအကျိုးအတွက်လည်း ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ တက်ကြွစွာလှုပ်ရှားဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက အသိပေးသည်။

အာဇာနည်ကိုလှမျိုးထွဋ်၏ စွန့်လွှတ်အနစ်နာခံသောစိတ်ဓာတ်နှင့် နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပေးဆပ်ခဲ့သည်တို့ကို ကျွန်ုပ်တို့ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်တကွ ကျောင်းသားထုအားလုံးကမှတ်တမ်းတင်၍ ဦးညွတ်အလေးပြုပါကြောင်း၊ကျောင်းသားသမဂ္ဂတွင်ပါ၀င်လှုပ်ရှားခဲ့သည်များကိုလည်းလည်းဘယ်‌‌တော့မှ မေ့ပျောက်မည်မဟုတ်ကြောင်း၊ အာဇာနည်ကိုလှမျိုးထွဋ် ကို ကျွနိုပ်တို့ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်ကျောင်းသားထုက ဦးညွှတ်အလေးပြုကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook