Connect with us

Hi, what are you looking for?

News

တောင်သာရှိစစ်ဆေးရေးဂိတ်ကို မြေလတ် PDFက တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှတစ်ဦးသေ

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံမြို့နယ်အတွင်း လှုပ်ရှားသည့် Zero ပြောက်ကျားအဖွဲ့ နှင့် SEVEN PDF တို့က ပါဝင်ပံ့ပိုးကူညီခဲ့သည်ဟုလည်း ဖော်ပြထားသည်။

People's Spring
People's Spring

မန္တလေးတိုင်း တောင်သာမြို့နယ် တောင်သာ-ဇဂျမ်း ကားလမ်း ပေါ်ရှိသံလမ်းကူးနေရာတွင် သဲအိပ်အကာ အကွယ်များနှင့် ဂိတ်စောင့်နေသည့် စစ်ကောင်စီတပ်သားများကို ယနေ့ မွန်းလွှဲ၂နာရီခန့်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ တစ်ဦးသေဆုံးခဲ့ကြောင်း မြေလတ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)က သတင်းထုတ်ပြန်သည်။

ထိုသို့ တိုက်ခိုက်ပြီး PDF (မြေလတ်)တပ်ဖွဲ့မှ ပြန်လည်ဆုတ်ခွါလာစဉ် လမ်းတစ်နေရာ၌ ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်များက လိုက်လံပစ်ခတ်မှုရှိသော်လည်း PDF ဘက်က ကျဆုံးမှုမရှိဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံမြို့နယ်အတွင်း လှုပ်ရှားသည့် Zero ပြောက်ကျားအဖွဲ့ နှင့် SEVEN PDF တို့က ပါဝင်ပံ့ပိုးကူညီခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ကုန်တင်ကားတစ်စီး ကျည်ထိမှန်ခဲ့ကြောင်း မြင်းခြံခရိုင် PDFက သတင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။