Connect with us

Hi, what are you looking for?

News

ဂန့်ဂေါနယ်တွင် နေအိမ် ၉၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ပြီး ဒေသခံ ၂၃ဦးထက်မနည်း သတ်ဖြတ်ခဲ့ဟု PDF ထုတ်ပြန်၊ စစ်ကောင်စီတပ်မှလည်း ၁၅ဦးကျော်သေဟုဆို

စစ်ကောင်စီတပ်အနေဖြင့်လည်း နှမ်းခါးရွာအတွင်းရှိ လူနေအိမ်စုစုပေါင်း ၃၆လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် CDFနှင့် PDF ဘက်မှ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

ဓာတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့

အကြမ်းဖက်စစ်ကောင်စီတပ်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများသို့ ထိုးစစ်ဆင်ခဲ့ရာ ငါးရက် အတွင်း ကျေးရွာသုံးရွာမှ ဒေသခံ ပြည်သူများ၏ နေအိမ် ၉၀ ကျော်ကို မီးရှို့ခဲ့ပြီး ဒေသခံ၂၃ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)က ယနေ့ ထုတ်ပြန်သည်။

စက်တင်ဘာ၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီမှ သာလင်း၊ မြင်းသား၊ ကုန်းရွာ စသည့်ကျေးရွာများသို့ ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်စုစုပေါင်း ၂၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​ဒေသတွင်း PDF တပ်သား ၁၂ ဦး၊ အပြစ်မဲ့ပြည်သူ ​ခြောက်ဦးကျဆုံးခဲ့သည်ဟု ဖော်ပြသည်။ ကျဆုံးခဲ့သည့် ဒေသခံများမှာ မြင်သားရွာမှ ဖြစ်သည်ပြီး နေအိမ်အများစုမှာလည်း မြင်သားရွာမှဖြစ်သည်။

စက်တင်ဘာ၁၀ရက်တွင် နှမ်းခါးရွာဖက်သို့ ချီတက်လာသော စစ်ကြောင်းကို ဂန့်ဂေါ PDF နှင့် ဟာခါးမြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့်လည်း နှမ်းခါးရွာအတွင်းရှိ လူနေအိမ်စုစုပေါင်း ၃၆လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် CDFနှင့် PDF ဘက်မှ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၁ရက်တွင် မွှေ့လယ်ရွာမှ စစ်ရှောင်ဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်မှ ဦးခေါင်းအား ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းစစ်ကောင်စီတပ်ကို ဂန့်ဂေါ PDFမှ လမ်းတစ်လျှောက်တွင် မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

စက်တင်ဘာ၁၂ ရက် နံနက်တွင် ထယ်လှော်ရွာ၌ ဂန့်ဂေါ PDF၊ ဟားခါး CDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူ များပြားခဲ့သည်ဟု ဆိုသည်။ စစ်ကေင်စီတပ်အနေဖြင့်လည်း ထယ်လှော်ရွာမှ နေအိမ် အလုံး၂၀ မီးရှို့ဖျက်ဆီးခဲသည်ဟု ဖော်ပြထားသည်။ ယင်းတိုက်ပွဲ၌ ဂန့်ဂေါ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒဏ်ရာရသူ သုံးဦးနှင့် ကျဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထယ်လှော်ရွာမှ တပ်ဆုပ်လာသော စစ်ကောင်စီတပ် သည် မွှေ့လယ်ရွာတွင် ညအိပ်စခန်းချပြီး အပြစ်မဲ့မွှေ့လယ်ရွာသား တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းတွင် နှမ်းခါးရွာသို့ ထပ်မံဝင်ရောက်ပြီး နေအိမ် ၁၄ လုံး၊ ဆန်စက်ရုံ တစ်လုံး၊ စစ်ဘေးရှောင်တဲနှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဂန့်ဂေါ PDFက ထုတ်ပြန်သည်။

ဂန့်ဂေါ PDF အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ အစွမ်းကုန်တော်လှန်ပြီး ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို အသက်နှင့်ရင်း ကာကွယ် စောင့်ရှောက်မည်ဟု ကတိသစ္စာပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။