Connect with us

Hi, what are you looking for?

LuduNwayOo

News

ဂန့်ဂေါနယ်တွင် နေအိမ် ၉၀ကျော်ကို စစ်ကောင်စီတပ်မီးရှို့ပြီး ဒေသခံ ၂၃ဦးထက်မနည်း သတ်ဖြတ်ခဲ့ဟု PDF ထုတ်ပြန်၊ စစ်ကောင်စီတပ်မှလည်း ၁၅ဦးကျော်သေဟုဆို

စစ်ကောင်စီတပ်အနေဖြင့်လည်း နှမ်းခါးရွာအတွင်းရှိ လူနေအိမ်စုစုပေါင်း ၃၆လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် CDFနှင့် PDF ဘက်မှ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

ဓာတ်ပုံ - နှမ်းခါးလူငယ်အဖွဲ့

အကြမ်းဖက်စစ်ကောင်စီတပ်က မကွေးတိုင်း ဂန့်ဂေါမြို့နယ်ရှိ ကျေးရွာများသို့ ထိုးစစ်ဆင်ခဲ့ရာ ငါးရက် အတွင်း ကျေးရွာသုံးရွာမှ ဒေသခံ ပြည်သူများ၏ နေအိမ် ၉၀ ကျော်ကို မီးရှို့ခဲ့ပြီး ဒေသခံ၂၃ဦး ထက်မနည်းကို သတ်ဖြတ်ခဲ့ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)က ယနေ့ ထုတ်ပြန်သည်။

စက်တင်ဘာ၉ ရက်တွင် အကြမ်းဖက်စစ်ကောင်စီမှ သာလင်း၊ မြင်းသား၊ ကုန်းရွာ စသည့်ကျေးရွာများသို့ ဝင်ရောက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောကြောင့် လူနေအိမ်စုစုပေါင်း ၂၁ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​ဒေသတွင်း PDF တပ်သား ၁၂ ဦး၊ အပြစ်မဲ့ပြည်သူ ​ခြောက်ဦးကျဆုံးခဲ့သည်ဟု ဖော်ပြသည်။ ကျဆုံးခဲ့သည့် ဒေသခံများမှာ မြင်သားရွာမှ ဖြစ်သည်ပြီး နေအိမ်အများစုမှာလည်း မြင်သားရွာမှဖြစ်သည်။

စက်တင်ဘာ၁၀ရက်တွင် နှမ်းခါးရွာဖက်သို့ ချီတက်လာသော စစ်ကြောင်းကို ဂန့်ဂေါ PDF နှင့် ဟာခါးမြို့နယ် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၅ဦး သေဆုံးခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်အနေဖြင့်လည်း နှမ်းခါးရွာအတွင်းရှိ လူနေအိမ်စုစုပေါင်း ၃၆လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် CDFနှင့် PDF ဘက်မှ ထိခိုက်မှုမရှိဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စက်တင်ဘာ ၁၁ရက်တွင် မွှေ့လယ်ရွာမှ စစ်ရှောင်ဒေသခံ နှစ်ဦးကို စစ်ကောင်စီတပ်မှ ဦးခေါင်းအား ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊ ယင်းစစ်ကောင်စီတပ်ကို ဂန့်ဂေါ PDFမှ လမ်းတစ်လျှောက်တွင် မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်သည်။

စက်တင်ဘာ၁၂ ရက် နံနက်တွင် ထယ်လှော်ရွာ၌ ဂန့်ဂေါ PDF၊ ဟားခါး CDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှသေဆုံးဒဏ်ရာရသူ များပြားခဲ့သည်ဟု ဆိုသည်။ စစ်ကေင်စီတပ်အနေဖြင့်လည်း ထယ်လှော်ရွာမှ နေအိမ် အလုံး၂၀ မီးရှို့ဖျက်ဆီးခဲသည်ဟု ဖော်ပြထားသည်။ ယင်းတိုက်ပွဲ၌ ဂန့်ဂေါ PDF ပူးပေါင်းတပ်ဖွဲ့မှ ဒဏ်ရာရသူ သုံးဦးနှင့် ကျဆုံးသူ နှစ်ဦးရှိခဲ့သည်ဟု ထုတ်ပြန်သည်။

ထယ်လှော်ရွာမှ တပ်ဆုပ်လာသော စစ်ကောင်စီတပ် သည် မွှေ့လယ်ရွာတွင် ညအိပ်စခန်းချပြီး အပြစ်မဲ့မွှေ့လယ်ရွာသား တစ်ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းတွင် နှမ်းခါးရွာသို့ ထပ်မံဝင်ရောက်ပြီး နေအိမ် ၁၄ လုံး၊ ဆန်စက်ရုံ တစ်လုံး၊ စစ်ဘေးရှောင်တဲနှစ်လုံးကို မီးရှို့ခဲ့ကြောင်း ဂန့်ဂေါ PDFက ထုတ်ပြန်သည်။

ဂန့်ဂေါ PDF အနေဖြင့် စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီ ရရှိသည်အထိ အစွမ်းကုန်တော်လှန်ပြီး ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို အသက်နှင့်ရင်း ကာကွယ် စောင့်ရှောက်မည်ဟု ကတိသစ္စာပြုကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။