Connect with us

Hi, what are you looking for?

News

ဆော-ကံကြီးလမ်းပိုင်းတွင် စစ်​ကောင်စီတပ်ကို မိုင်းခွဲတိုက်ခိုက် ၁၀ ဦးထက်မနည်းထိခိုက်နိုင်ဟု ဆောPDF ထုတ်ပြန်

ဆက်လက်၍ PDF-SAW က ၎င်းတို့ သတိပေးကြေငြာထားသည့် လမ်းပိုင်းများအတွင်း (Accidents) အချိန်မရွေး ထိတွေ့မှု တိုက်ခိုက်မှုများ ရှိနေနိုင်သည့်အတွက် သတိပြုဆင်ခြင်ပေးကြပါရန်လည်းအထူးမေတ္တာရပ်ခံထားသည်။

​ဆောမြို့မှလမ်း​တစ်​လျှောက် ပစ်ခတ်၍ စစ်​ကြောင်းဖြင့်လာ​သော အာဏာသိမ်းစစ်​ကောင်စီတပ်ကို ​ဆော-ကံကြီး လမ်းပိုင်းတွင် ယ​နေ့(စက်တင်ဘာ ၁၆) ည​နေ ၃ နာရီခွဲခန့်၌ PDF-SAW အထူးပြောက်ကျား မိုင်းအဖွဲ့ က မိုင်းခွဲ တိုက်ခိုက်ရာ စစ်​ကောင်စီတပ် ၁၀ ဦးထက်မနည်း ထိခိုက် ဒဏ်ရာရရှိနိုင်​ကြောင်း PDF-SAW က သတင်းထုတ်ပြန်သည်။

လမ်းဘေးဝဲယာတစ်လျှောက် ပစ်ခတ်၍ စစ်ကြောင်းဖြင့် လာသော အကြမ်းဖက်စစ်​ကောင်စီတပ်အင်အား ၁၀၀ ခန့်ရှိပြီး မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် အ​ရေအတွက်အတိ အကျကို အတည်မပြုနိုင်​သော်လည်း စစ်​ကောင်စီတပ် ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရမှု ရှိနိုင်ပြီး၊
PDF-SAW တပ်ဖွဲ့မှ ထိခိုက်မှု တစုံတရာမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့​ကြောင်း​ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဆက်လက်၍ PDF-SAW က ၎င်းတို့ သတိပေးကြေငြာထားသည့် လမ်းပိုင်းများအတွင်း (Accidents) အချိန်မရွေး ထိတွေ့မှု တိုက်ခိုက်မှုများ ရှိနေနိုင်သည့်အတွက် သတိပြုဆင်ခြင်ပေးကြပါရန်လည်းအထူးမေတ္တာရပ်ခံထားသည်။

​မ​ကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် ​ယောနှင့် ​ဆောနယ် များတွင် ​ဒေသခံ ကာကွယ်​ရေးတပ်များနှင့် အာဏာသိမ်းစစ်​ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်​နေသည်။ စက်တင်ဘာ ၁၄ ရက်ကလည်း
​ဆောနှင့်ကန်ပက်လက်ကြားတွင် CDF-ကန်ပက်လက်နှင့် စစ်​ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ ​ဆောPDFက CDF-ကန်ပက်လက်ကို လုံခြုံ​ရေးယူ​ပေးပြီးကူညီဝန်းရံခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦး​ကျော်​သေဆုံးခဲ့​ကြောင်း CDFကန်ပက်လက်ကထုတ်ပြန်သည်။

အလားတူ စက်တင်ဘာ ၁၅ ရက်တွင်လည်း CDF- ကန်ပက်လက်နှင့်စစ်​ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်​ကောင်စီတပ်မှ ၄ ဦး​သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ CDF ကန်ပက်လက် တပ်ဖွဲ့ဝင်များ ထိ့ခိုက် ကျဆုံးမှုမရှိခဲ့ဟု CDF ကန်ပက်လက်ကထုတ်ပြန်သည်။”

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook