Connect with us

Hi, what are you looking for?

News

ဒေါ်လာဈေး ကျပ်၂၀၀၀ အထက်ကို ပြန်ရောက်လာ

စက်တင်ဘာလ ၁၁ရက်က အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားဟာ ၁ ဒေါ်လာကို ၂၀၅၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး ဒါဟာသမိုင်းတလျောက် ပြည်တွင်းဈေးကွက်မှာအမြင့်ဆုံးဈေးလည်းဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာဈေး နှုန်းဟာ ပြည်တွင်းဈေးကွက် မှာ ပြီးခဲ့တဲ့ရက်ပိုင်းက အနည်းငယ်ပြန်ကျသွားပေမယ့်ဒီနေ့မှာတော့ ၁ ဒေါ်လာကို ၂၀၀၀ ကျပ်ကျော်လာပါတယ်။

ငွေလဲကောင်တာ တွေရဲ့ ဒီနေ့ဈေးကွက်ပေါက်ဈေးဖော်ပြချက်အရ အမေရိကန် ၁ဒေါ်လာကို ၂၀၂၀ကျပ်အထိပေါက်ဈေးရှိလာတာပါ။

စက်တင်ဘာလ ၁၁ရက်က အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းထားဟာ ၁ ဒေါ်လာကို ၂၀၅၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့ပြီး ဒါဟာသမိုင်းတလျောက် ပြည်တွင်းဈေးကွက်မှာအမြင့်ဆုံးဈေးလည်းဖြစ်ပါတယ်။

Public Service Announcement

အဲဒီနောက် စစ်ကောင်စီရဲ့ ဗဟိုဘဏ် က ဒေါ်လာဈေးနှုန်းကျအောင် စက်တင်ဘာလ ၁၃ ရက်နဲ့ စက်တင်ဘာလ ၁၅ ရက်တွေမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၃ သန်းကို ၁ဒေါ်လာ ကို ၁၇၅၀ ကျပ်နဲ့ထုတ်ရောင်းခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီလိုရောင်းချပေးပြီးတဲ့နောက် ဒေါ်လာဈေး ဟာ ၂၀၀၀ ကျပ်အောက်ကို ရောက်သွားပေမယ့် ရက်ပိုင်းအတွင်းမှာပဲ ဈေးပြန်တက်လာတာကိုတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မေ ၃၀ရက်တွင် အ​မေရီကန် တစ်ဒေါ်လာကို ကျပ် ၄၉၀၀အထိမြင့်တက်ပြီးနောက် နေ့လယ်ပိုင်းတွင် ၄၅၀၀ကျပ်ကို ပြန်လည်ကျဆင်းခဲ့သော်လည်း အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၅,၈၂၀,၀၀ အထိ ဆက်လက်မြင့်တက်နေဆဲဖြစ်သည်။

သတင်း

​ဒေါ်လာ​ဈေးများမြင့်တက်လာချိန်တွင်စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးမှုများလုပ်နေသော်လည်း ဈေးကွက်အတွင်း ကြိုက်ရောင်းကြိုက်ဝယ်ဖြစ်နေသည်ဟု ရွှေလုပ်ငန်းရှင်များကပြောသည်။

သတင်း

ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၆၉၁,၀၀၀မှ ၃,၇၂၀,၀၀၀ကျပ် အထိမြင့်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာကို ၃၅၅၀ ကျပ်မှ ၃၆၀၀ကျပ်အထိ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်ဟုရွှေနှင့်​ဒေါ်လာလဲလုပ်ငန်းရှင်များကပြောသည်။

သတင်း

ဒီနေ့ ရန်ကုန်ဈေးကွက် မှာဆိုရင် ပရီမီယံ ဒီဇယ်တစ်လီတာကို ၂၅၁၅ ကျပ်အထိ ဖြစ်လာပြီးမနေ့က ဈေးထက် ကျပ် ၃၀၀ ဝန်းကျင်ခုန်တက်သွားတယ်လို့ စုံစမ်းသိရပါတယ်။