Connect with us

Hi, what are you looking for?

သတင်း

ကျပ်​ငွေတန်ဖိုးထပ်ကျပြီးရွှေတစ်ကျပ်သား ၃၇ သိန်း၊ တစ်ဒေါ်လာကို ၃၆၀၀ ကျပ်ရှိလာ

ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၆၉၁,၀၀၀မှ ၃,၇၂၀,၀၀၀ကျပ် အထိမြင့်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာကို ၃၅၅၀ ကျပ်မှ ၃၆၀၀ကျပ်အထိ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်ဟုရွှေနှင့်​ဒေါ်လာလဲလုပ်ငန်းရှင်များကပြောသည်။

(​ငွေ​ကြေး​ဈေးကွက်တွင်သာမက နေရာတိုင်းတွင်ကျပ်​ငွေတန်ဖိုးကျဆင်း​​ဖောင်းပွနေသည့်အတွက် ကုန်​ဈေးနှုန်းများလည်းတက်​နေသည်။ဓါတ်ပုံ-AFP)
(​ငွေ​ကြေး​ဈေးကွက်တွင်သာမက နေရာတိုင်းတွင်ကျပ်​ငွေတန်ဖိုးကျဆင်း​​ဖောင်းပွနေသည့်အတွက် ကုန်​ဈေးနှုန်းများလည်းတက်​နေသည်။ဓါတ်ပုံ-AFP)

စင်ကာပူ UOBဘဏ်က မြန်မာ့ဘဏ်အကောင့်များမှငွေပေးချေမှု အဝင်အထွက် အားလုံးကို ကန့်သတ်လိုက်ပြီးနောက် ပြည်တွင်း၌ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၇ သိန်းနှင့် အမေရိကန် တစ်ဒေါ်လာကို ကျပ် ၃၆၀၀ အထိမြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှသိရသည်။

တနည်းအားဖြင့် ကျပ်​ငွေ ၂၀၀၀၀ ထုတ်​သောဂယက်​ကြောင့်ကျဆင်း​နေ​သော ကျပ်​ငွေတန်ဖိုးမှာ ပိုမိုကျဆင်း​နေခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က မြန်မာနိုင်ငံဘဏ်များသို့ ပေးပို့သည့် လျှို့ဝှက်မှတ်စုတွင် UOBဘဏ်က မြန်မာနိုင်ငံသို့ ငွေပေးချေမှု အဝင်အထွက် အားလုံးကို ကန့်သတ်ထားမည်ဖြစ်ကြောင်းနှင့် UOBဘဏ်အကောင့်အချင်းချင်းကိုသာငွေများကို လွှဲပြောင်းခွင့်ပြုသည်ဟု ကန့်သတ်ပြီးနောက် ဈေးကွက် ဒေါ်လာဈေးနှင့် ရွှေဈေးမှာ တရှိန်ထိုးတက်လာခြင်းဖြစ်သည်။

ပြည်တွင်းရွှေဈေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃,၆၉၁,၀၀၀မှ ၃,၇၂၀,၀၀၀ကျပ် အထိမြင့်တက်လာပြီး ဒေါ်လာဈေးမှာလည်း တစ်ဒေါ်လာကို ၃၅၅၀ ကျပ်မှ ၃၆၀၀ကျပ်အထိ ပေါက်ဈေးရှိခဲ့ခြင်းဖြစ်သည်ဟုရွှေနှင့်​ဒေါ်လာလဲလုပ်ငန်းရှင်များကပြောသည်။

Public Service Announcement

Public Service Announcement

“အခုချိန်ကထိုင်ကြည့်နေရမယ့်အချိန်၊ငွေကိုင်ပြီးရွှေနဲ့ဒေါ်လာကို ကစားနေတဲ့ လုပ်ငန်းရှင်ကြီးတွေရှိနေတယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

မြန်မာနိုင်ငံမှ VISAနှင့် Mastercardသုံးဆွဲသူများအတွက်လည်း ကန့်သတ်ချက်အသစ်များကို UOBဘဏ်ကကန့်သတ်လိုက်ပြီး​နောက် ပြည်တွင်းဒေါ်လာဈေးကွက် လှုပ်ခတ်သွားခြင်းဖြစ်သည်ဟု ၎င်းကဆက်​ပြောသည်။

“ဘာမှမထွက်ဘဲသွင်းကုန်ကိုအဓိကမှီခိုနေရတဲ့နိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်တဲ့အချိန်မှာ ဒေါ်လာဈေးက တက်မှာဘဲ။ကျဖို့တွေးနေရင် ရူးတာပါပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ကမ္ဘာ့ရွှေဈေးကျဆင်းနေသော်လည်း ပြည်တွင်းရွှေဈေးမှ ဆက်လက်မြင့်တက်နေခြင်းဖြစ်ပြီး ဆက်လက်မြင့်တက်ရန်သာရှိနေသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ

သတင်း

ကမ္ဘာ့ရွှေ အတက်စျေးနဲ့အတူ ပြည်တွင်းရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၉၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။