Connect with us

Hi, what are you looking for?

News

အင်တာနက်ပဲဖြတ်လို့ရမယ် တော်လှန်စိတ်ကိုသတ်လို့မရ

ဓါတ်ပုံ-သတင်းနှင့် ပြန်ကြားရေးအရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂဗကသများအဖွဲ့ချုပ်

အင်တာနက်ပဲဖြတ်လို့ရမယ် တော်လှန်စိတ်ကို သတ်လို့မရလို့ ကြွေးကြော်ပြီးတော့ အရာတော်မြို့မှ လူငယ်များက ဒီကနေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက စစ်ကိုင်းတိုင်းမှာ အရာတော်မြို့နယ်အပါ အဝင် မြို့နယ်အများစုကိုအင်တာနက်ဖြတ်တောက်ထားပြီးတော့ စစ်ရေးပြင်ဆင်မှုတွေလုပ်နေပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ရက်စက်စွာဖိနှိပ်နေပေမယ့် ဒီနေ့(စက်တင်ဘာ ၁၇ ရက်)မှာအရာတော်မြို့နယ် ကျောင်းသားများသမဂ္ဂနဲ့ အရာတော်မြို့နယ်က ကျောင်းသားလူငယ်တွေနဲ့၊ ပြည်သူတွေက “အင်တာနက်ကိုပဲဖြတ်လို့ရမယ် တော်လှန်စိတ်ကိုသတ်လို့မရ” ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ပြီးတော့စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

အရာတော်မြို့နယ်မှာစစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြနေတဲ့ ကျေးရွာတွေနဲ့ PDF ရှိတယ်ဆိုတဲ့ ရွာတွေကို ရွှေ့ပြောင်းမယ်လို့စစ်ကောင်စီက ဒီတစ်ပါတ်အတွင်းမှာ ခြိမ်းခြောက်ထားပါတယ်။

အဲလို ခြိမ်းချောက်ထားတဲ့ စာရွက်တွေကို အရာတော်မြို့နယ်အတွင်းစစ်ကောင်စီက ဖြန့်ဝေကာ ခြိမ်းခြောက်ထားတာပါ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။