ယောဒေသကာကွယ်ရေးတပ်ဖွဲ့(YDF) က စစ်ကောင်စီတပ်ကို ၂ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၄ဦးသေဆုံးခဲ့ကြောင်း YDFက သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ(၁၆)ရက် ညနေပိုင်းက မကွေးတိုင်း ဆောမှ ကျောက်ထုဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီအင်အား (၈၀) ကျော်ကို ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF) များနှင့်အတူ ပူးပေါင်းတိုက်ခဲ့ပြီး စက်တင်ဘာ ၁၅ရက်တွင် မကွေး- စစ်ကိုင်းနယ်စပ် ကလေးမြို့နယ် ကျောက်ပြုတ်ရွာတောင်ဘက်၌ စစ်ကောင်စီတပ်ကို YDFက တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။
ဆော- ကျောက်ထုလမ်းပိုင်းတွင် စက်တင်ဘာ ၁၅ရက်က တိုက်ပွဲ နှစ်ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦး သေဆုံးပြီး ၁၀ဦးကျော်ဒဏ်ရာရရှိခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို မင်းတပ်နှင့် ကန်ပက်လက် CDFများက YDFနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။
ကလေးမြို့နယ် ကျောက်ပြုတ်ကျေးရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သားလေးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူလူထုခုခံစစ်စတင်ကြောင်း ကြေညာပြီးသည့် စက်တင်ဘာ ၇ရက် နောက်ပိုင်း ဆောဒေသရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီတပ်ကို ၄ကြိမ်အထိ တိုက်ခိုက်ခဲ့ကြောင်း၊ ထုတ်ပြန်ခဲ့သည်။


















































