Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ထန်တလန်မြို့ကို လက်နက်ကြီးဖြင့်ပစ် အိမ် ၁၀ လုံးကျော်မီးလောင်၊ မီးသတ်ရန်ကြိုးစားသူများကိုပါသေနတ်ဖြင့်ပစ်

စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ၏ တပ်သားများက ထန်တလန်မြို့အပေါ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးထိမှန်သည့် အိမ်နှစ်လုံးမှ မီးစတင်လောင်ကျွမ်းပြီး အခြားအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ပေါ်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်မူကြောင့် ယနေ့(စက်တင်ဘာ၁၈) ညနေ ၅ နာရီခွဲကျော်အထိ့ နေအိမ် ၁၀ လုံးကျော် မီးလောင်ပျက်စီးနေကြောင်း ဒေသခံများကပြောသည်။

“မီးငြိမ်းဖို့သွားတဲ့သူတွေကို ပစ်နေလို့ ဘယ်သူမှ မီးမငြိမ်းရဲဘူးဖြစ်နေတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကောင်စီ၏ တပ်သားများက ထန်တလန်မြို့အပေါ်ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးထိမှန်သည့် အိမ်နှစ်လုံးမှ မီးစတင်လောင်ကျွမ်းပြီး အခြားအိမ်များကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်။

ထန်တလန်မြို့နယ်ရှိ မြန်မာ-အိန္ဒိယနယ်စပ်မှ လုံလဲရ်စခန်းကို CDFထန်တလန်အဖွဲ့က စက်တင်ဘာ ၁၁ ရက်တွင် အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၁၂ ဦးသေပြီး ၁ ဦးအရှင်အဖမ်းခံရကာ လက်နက်ခဲယမ်းအမြောက်အများကိုCDF ကသိမ်းဆည်းနိုင်ခဲ့သည်။ လုံလဲရ်စခန်းသိမ်းပိုက်ခံရပြီး တစ်ပါတ်အကြာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ထန်တလန်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက CDFနှင့်တိုက်ပွဲဖြစ်ရာတွင် မနိုင်သဖြင့် ထန်တလန်မြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး မြို့ပေါ်ရှိ နေအိမ်နှင့်ဆိုင်ခန်းများမှ အဖိုးတန်ပစ္စည်းများကို ဖောက်ထွင်းခိုးယူနေသည်ဟု ဒေသခံများကပြောသည်။
လက်ရှိတွင် ထန်တလန်မြို့ပေါ်ရှိ ပြည်သူထက်ဝက်ခန့်မှာ အကြမ်းဖက်စစ်ကောင်စီရန်ကို ကြောက်ရွံ၍ ထွက်ပြေး တိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့နယ် ချောင်းစောင့်ကျေးရွာကို အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ (၉)နှစ်အရွယ် ကလေးငယ် ၁ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့ရဟု ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ထိုင်းစစ်တပ်က သတိပေးတဲ့အနေနဲ့ မီးကျည်နှစ်လုံးပြန်လည်ပစ်ခတ်

ဆောင်းပါး

စစ်တပ် အာဏာသိမ်းထားတဲ့ကာလထဲမှာပဲ ၆ ကြိမ်မြောက် သီတင်းကျွတ်ကာလ ရောက်ရှိခဲ့ပါပြီ။ ဒီနှစ်မှာ မန္တလေး၊ ပြင်ဦးလွင်၊ တောင်ကြီး၊ အင်းလေး၊ ကလော၊ ပုဂံညောင်ဦး၊ ကျိုက်ထီးရိုးနဲ့ ပင်လယ်ကမ်းခြေဒေသတွေမှာ ပြည်တွင်း ခရီးသွားတွေ များပြားခဲ့တယ်လို့ သိရပါတယ်။ အသွားအလာ များကြသလို ယာဉ်တိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပြီး ထိခိုက်...