Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းမြို့နယ်တွင် တောင်ကျချောင်းရေများကြောင့် လူနေအိမ်နှင့် အိမ်မွေးတိရစ္ဆာန်များမျောပါပျက်စီး

ပေါက်တပင်ကျေးရွာတွင် ယနေ့(စက်တင်ဘာ ၁၉ ရက်နေ့) နံနက် ၁ နာရီခန့်မှ ၅နာရီခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းမှု့ကြောင့် ရွာနှင့်နီးသည့် နန်းစိန်ချောင်း တွင် ရေကြီး ရေလျှံမှုများ ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ပေါက်တပင် ကျေး ရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ ကျဆင်းလာမှုကြောင့် လူနေအိမ်အချို့ ပျက်စီးပြီး တိရိစ္ဆာန်များ မျောပါသွားကြောင်း ဒေသခံများက ပြော သည်။

ပေါက်တပင်ကျေးရွာတွင် ယနေ့(စက်တင်ဘာ ၁၉ ရက်နေ့) နံနက် ၁ နာရီခန့်မှ ၅နာရီခန့်အထိ မိုးသည်းထန်စွာ ရွာသွန်းမှု့ကြောင့် ရွာနှင့်နီးသည့် နန်းစိန်ချောင်း တွင် ရေကြီး ရေလျှံမှုများ ဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

တောင်ကျချောင်းရေများသည် ရွာအတွင်းရှိ အိမ်များအတွင်း ဝင်ရောက်ခဲ့ပြီး ချောင်းအနီးရှိ လူနေအိမ်များမှ မွေးမြူထားသော ဆိတ်များလည်း ရေထဲမျောပါသွားကာ ဝက်နှင့်ကြက်အချို့လည်း ရေထဲမျောပါသွားကြောင်းဒေသခံများက ပြောသည်။

“လူတွေကတော့ ဘေးကင်းပါတယ်။ ရေတွေဝင်လာလို့ တစ်ရွာလုံးတော့ ဒုက္ခရောက်နေတယ်။ကူညီကယ်ဆယ်ရေးလည်း တစ်ခုမှမရှိဘူး”ဟု ဒေသခံတစ်ဦးက ပြော သည်။

Public Service Announcement

Public Service Announcement

သပိတ်ကျင်းမြို့နယ်အပြင် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီး၊ ရေလျှံမှုများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ရပ်ကွက်နဲ့ ကျေးရွာအုပ်စုအချို့က နေအိမ်တွေနဲ့ စာသင်ကျောင်းအချို့ ပျက်စီးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် နမ္မတီးမြို့ပေါ် စစ်ရှောင်စခန်းတွေမှာ လေပြင်းကြောင့် စစ်ရှောင်နေအိမ်အများအပြား ပျက်စီးခဲ့ရပြီး အရေးပေါ် အကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်စခန်း ဦးဆောင်တာဝန်ခံ တစ်ဦးက ပြောပါတယ်။

သတင်း

ထိုင်း - မြန်မာ နယ်စပ်အနီး မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ ဝေါ်လေဗျုဟာစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အဲဒီဗျုဟာအနီးက ထီးသဲလယ်ရွာ တစ်ရွာလုံးနီးပါး ပျက်စီးသွားပြီလို့ ဒေသခံ အချို့ဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် သီးကုန်းရွာနဲ့ ပေါက်တပင်ကြားကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာမို့ စစ်ဘေးရှောင်ပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ပြင်းထန်စွာဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။