Connect with us

Hi, what are you looking for?

News

စစ်တပ်ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီခံစာတစ်စောင်ကို ကုလလူ့အခွင့်အရေးကောင်စီထံ NUGတင်သွင်း

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ် သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေကို မေးမြန်းပြီး အစီရင်ခံစာမှာ ဖော်ပြထားတာလို့ ဆိုပါတယ်။

People's Spring
People's Spring

အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာစစ်တပ် ကျူး လွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ အစီခံစာတစ်စောင်ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီထံ ဒီနေ့တင်သွင်းလိုက်တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အကြမ်းဖက်စစ်တပ်ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ် သက်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတွေကို မေးမြန်းပြီး အစီရင်ခံစာမှာ ဖော်ပြထားတာလို့ ဆိုပါတယ်။

NUG ရဲ့အစီရင်ခံစာမှာ တိုင်းဒေသကြီးနှစ်ခုမှာ စစ်ကောင်စီက အရပ်သားတွေအပေါ် စတင်ထိုးစစ်ဆင်ကာ နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့တဲ့ လွန်ခဲ့တဲ့သုံးလအတွင်း အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေ၊ အသက်သေဆုံးသည်အထိ ညှင်းပန်းနှိပ်စက်မှုတွေ၊ တရားဥပဒေမဲ့ဖမ်းဆီးမှုတွေကို ဖော်ပြထားတယ်လို့ ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဟာ မြန်မာစစ်တပ်ကို လက်နက်များတင်ပို့ရောင်းချခြင်းနဲ့ စစ်ရေးအကူ အညီပေးအပ်ခြင်းတွေကို ရပ်တန့်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အမြန်ဆုံးရပ်တန့်ပြီး တရားမျှတမှုအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံးအပါအဝင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းတွေနဲ့ ထိထိရောက်ရောက်ဆောင်ရွက်ကြဖို့လည်း ထပ်မံတိုက်တွန်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး စစ်ကိုင်းနဲ့ မကွေးတို့မှ ပြည်သူတွေအပါအဝင် မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေထောက်ပံ့ပေးဖို့ NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဌာနက တောင်းဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံဒေသအသီးသီးမှာ ဖြစ်ပေါ်နေတဲ့စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူး ပေါင်းကာ မှတ်တမ်းပြုစုနေပြီး အပြစ်ပေးအရေးယူခံရမှုမှ ကင်းလွတ်ခွင့်ရနေသောအလေ့အထ(Culture of Impunity)ကို အမြန်ဆုံးအဆုံးသတ်ကာ တရားမျှတမှုထိရောက်စွာဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး