Connect with us

Hi, what are you looking for?

News

အနာဂတ်မြန်မာ့နိုင်ငံရေးမှာ စစ်တပ်ကဆက်လက်ပါဝင်မယ့်အကြောင်း အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင် စကားဦးသန်း

ဒါ့အပြင် NLD အစိုးရလက်ထက်မှာ စစ်ဘက်-အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့တယ် လို့လည်း မင်းအောင်လှိုင်က လားရှိုးတပ်နယ်မှာ ပြောခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ NLD အစိုးရလက်ထက်မှာ ကဏ္ဍပေါင်းစုံလိုအပ်ချက်ရှိခဲ့တယ်လို့ စွပ်စွဲကာ သူ့လက်အောက်ငယ်သားတွေကို ဝါဒဖြန့်စည်းရုံးသိမ်းသွင်းနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အကြမ်းဖက်စစ်တပ်ခေါင်း ဆောင်ဟာ ပြင်ဦးလွင်၊ မြစ်ကြီးနား၊ လားရှိုးတပ်နယ်တို့ကိုသွားရောက်ခဲ့ပြီး စစ်သည် မိသားစုဝင်တွေနဲ့ တွေ့ဆုံကာ NLD အစိုးရသက်တမ်း ၅ နှစ်စီမံခန့်ခွဲရေးလိုအပ် ချက်များပြားကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့လို့ နိုင်ငံတော်တာဝန်ကို ခေတ္တထိန်းသိမ်းရခြင်းဖြစ်ကြောင်း အဓိကပြောကြားတာကိုတွေ့ရပါတယ်။

၂၀၁၀ နောက်ပိုင်း ယူနီဖောင်းချွတ်အရပ်သားတစ်ပိုင်းအစိုးရလက်ထက်မှာ တပ်မတော်ဟာ အစိုးရနဲ့လက်တွဲညီညီ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပေမယ့် ၂၀၁၅ နောက်ပိုင်း အရပ်သား အစိုးရလက်ထက်မှာတော့ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ ကဏ္ဍပေါင်းစုံ လိုအပ်ချက်များဖြစ်ပေါ်ခဲ့တာကို တွေ့ရမှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် NLD အစိုးရလက်ထက်မှာ စစ်ဘက်-အရပ်ဘက်ပူးပေါင်းဆောင်ရွက်မှုအားနည်းခဲ့တယ် လို့လည်း မင်းအောင်လှိုင်က လားရှိုးတပ်နယ်မှာ ပြောခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ခေတ်အဆက်ဆက် နိုင်ငံတော်ကာကွယ်ရေးနဲ့ ပြည်သူတို့ရဲ့အကျိုးစီးပွားကိုရှေးရှုဆောင်ရွက်ခဲ့ပြီး နောင်တွင်လည်း ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရမယ်လို့ အကြမ်းဖက်ခေါင်းဆောင်မင်းအောင်လှိုင်က မနေ့က လားရှိုးတပ်နယ်မှာ ပြောခဲ့ပါတယ်။

ဒါ့ပေမဲ့ စစ်တပ်အုပ်ချုပ်ခဲ့တဲ့သက်တမ်းတစ်လျှောက် တိုင်းပြည်ဟာ ဘက်ပေါင်းစုံက နိမ့်ကျခဲ့ကာ အဆင်းရဲဆုံးတိုင်းပြည်စာရင်းဝင်ခဲ့ပါတယ်။

စစ်တပ်ဦးဆောင်ရေးဆွဲတဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၁ ကစလို့ ဒီမိုကရေစီအသွင်ကူးပြောင်း ကာ ပြုပြင်ပြောင်းလဲမှုစတင်လုပ်ဆောင်ခဲ့ပေမယ့် နိုင်ငံရေးမှာ တပ်မတော်က ပါဝင်မှုအခန်း ကဏ္ဍ ကြီးမားတာကြောင့် တိုးတက်မှုနှေးကွေးခဲ့တယ်လို့ မြန်မာ့အရေးလေ့လာကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနေတဲ့ ၁၀ နှစ်တာကာလရှိနေချိန်မှာ စစ်တပ်က တကျော့ပြန်အာဏာသိမ်းခဲ့ပြီး လက်ရှိမှာ COVID-19 ထိုးနှက်ချက်နဲ့အတူ အကျပ် အတည်းပေါင်းစုံနဲ့ မြန်မာပြည်သူတွေရင်ဆိုင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်အတွင်း လူမှူကွန်ရက်ပေါ်မှာ ရေးသားတာ ၊ အွန်လိုင်းဆက်သွယ်ပြောဆိုတာတွေကြောင့် စစ်တပ်ရဲ့မတရားဖမ်းဆီးခံရသူ နှစ်ထောင်ကျော်ရှိတယ်လို့ Data For Myanmar-D4M အဖွဲ့ကအသိပေးထားပါတယ်။

သတင်း

လူစုလူဝေးမလုပ်ဖို့၊ အိမ်တိုင်း ကတုတ်ကျင်းတူးဖို့၊ အရေးကြီးကိစ္စမရှိရင် ခရီးမသွားဖို့၊ လေကြောင်းသတင်း အချင်းချင်း အချိန်မီ သတင်းပေးကြဖို့ သတိပေးထား

သတင်း

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်က မြစ်ကြီးနား- ရွှေဘိုလမ်းပိုင်းနဲ့ အနီးပတ်ဝန်းကျင်က ကျေးရွာတွေကို ဒီနေ့ နေ့လယ်ပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲလို့ အရပ်သား ၂ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ သိရပါတယ်။

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

Facebook