Connect with us

Hi, what are you looking for?

News

သထုံမြို့နယ်တွင် စစ်ကောင်စီနှင့် BGF ပူးပေါင်းတပ်ကို KNU မိုင်းဆွဲတိုက်ခိုက်

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ KNUတပ်မဟာ(၁) တာဝန် ရှိသူတစ်ဦးက ယနေ့မနက် အစောပိုင်း ၂နာရီခန့်မှစ၍ပရစ်ခိုဒေသ၌လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားရဟုမှတ်ချက်ပြုသည်။

People's Spring
People's Spring

မွန်ပြည်နယ် သထုံံမြို့နယ် ပိန္နဲတောကျေးရွာ အခြေ စိုက် စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ပူးပေါင်းအဖွဲ့ကို ကရင်အမျိုးသားအစည်း အရုံး(KNU) က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်ကို ကိုးကားပြီး Salween Pressက ဖော်ပြသည်။

စက်တင်ဘာ ၂၀ရက် ညပိုင်းက သထုံမြို့နယ် ပုရစ်ခိုဒေသ၌ စစ်ကောင်စီ၊ BGF ပူးပေါင်းအဖွဲ့ကို မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ KNU ဘက်ကလည်း ဒဏ်ရာရသူအချို့ရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားမှုမှာ ည ၁၂နာရီမှ နံနက် ၆နာရီအထိ ကြာမြင့်ခဲ့ကြောင်း KNU တပ်မှူးတစ်ဦးကို ကိုးကားပြီး Salween Press က ဖော်ပြခဲ့သည်။

အဆိုပါ ဒေသသည် KNU တပ်မဟာ(၁)လှုပ်ရှားနယ်မြေဖြစ်သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ KNUတပ်မဟာ(၁) တာဝန် ရှိသူတစ်ဦးက ယနေ့မနက် အစောပိုင်း ၂နာရီခန့်မှစ၍ပရစ်ခိုဒေသ၌လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားရဟုမှတ်ချက်ပြုသည်။

Public Service Announcement

Public Service Announcement

“အသံကြားတာက ဒီနေ့ မနက် ၂နာရီကျော် ၃နာရီလောက်ပေါ့။ အဲဒီအချိန်ကနေ မိုးလင်းပေါက်အထိပဲ လက်နက်ငယ်သံရော လက်နက်ကြီးသံရောကြားတယ်။ သူတို့ ပြန်ဆင်းလာတဲ့ လမ်းတစ်လျှောက်မှာ မဆင်းရဲလို့ အရှေ့ကနေ လက်နက်ကြီးတွေ လှမ်းပစ်တာလားတော့ မသိဘူး။ ၆နာရီခွဲအချိန်မှာ အဲဒီ ပုရစ်ခိုနဲ့ ပိန္နဲတောကြားမှာလည်း လက်နက်ကြီး ၁၀လုံးကျော် အသံကြားခဲ့တယ်။ အဲဒီ အသံကြားတာနဲ့ ပတ်သက်ပြီး ဆက်သွယ်လို့မရသေးဘူး” ဟု ၎င်းက ဆိုသည်။

ထို့ပြင် ယနေ့ စက်တင်ဘာ ၂၁ရက်နံနက် ၁၁နာရီခန့်ကလည်း သထုံ နှင့် ဘီးလင်းကြား ဒေါက်ရပ်ဒေသတွင် စစ်ကောင်စီ တပ်မှ ယာဉ် ၃စီး ဖြတ်သန်းမောင်းနှင်ပြီးနောက် ပေါက်ကွဲသံကြားရသည်ဟု သတင်းရကြောင်း ၊ ဖြစ်စဉ်အသေးစိတ်ကို မသိရသေးကြောင်း KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့မှာ ကရင်နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင် မောင်းနှင်လာတဲ့ကားက ဝင်တိုက်လို့ ကလေးငယ် ၁ဦးအပါအဝင်ဒေသခံအချို့ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး လမ်းဘေး ဈေးဆိုင်နဲ့ ကား၊ဆိုင်ကယ်တွေ ပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။