Connect with us

Hi, what are you looking for?

News

မြန်မာစစ်တပ်ရဲ့ အင်တာနက်ပိတ်ပင်ထားမှု လူမှုအဖွဲ့အစည်းကို ထိခိုက်နစ်နာစေတယ်လို့ အမေရိကန်သံရုံး ထုတ်ပြန်

အကြမ်းဖက်မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတို့ကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ အင်တာနက်ရရှိသုံးစွဲခွင့်ကို ပိတ်ပင်တားဆီးထားပြီး ပြည်သူတွေရဲ့ အခွင့်အရေးတွေကို ချိုးဖောက်ကျူးလွန်ကာ လူမှုအဖွဲ့အစည်းကို ထိခိုက်နစ်နာစေတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

အချက်အလက်များကို ရရှိသုံးစွဲခွင့်ဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ အလေးအနက် ထည့်သွင်းထားတဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ဆိုပါတယ်။

“နှောင့်ယှက်ဟန့်တားမှုမရှိဘဲ အချက်အလက်များရရှိသုံးစွဲနိုင်မှုဟာ ပြည်သူတွေကို ကို ဗစ်-၁၉ ဒါမှမဟုတ် အခြားကျန်းမာရေးကပ်ဘေးဆိုးတွေကနေ ကိုယ်တိုင်ကာကွယ်ခွင့်ကို ပေးအပ်ခြင်းဖြင့် အ သက်ပေါင်းများစွာကို ကယ်တင်နိုင်ပါတယ်။ အင်တာနက်အသုံးပြုခြင်းကို ကန့်သတ်တားမြစ်ခြင်းများဟာ သတင်းဖော်ပြခြင်းနဲ့ သတင်းအချက်အလက်များ အရင်းအမြစ်များစွာမှ ပြည်သူများ ရရှိနိုင်မှုကို အကန့် အသတ်ဖြစ်စေပါတယ်” လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း၊ မန္တလေးတိုင်းအတွင်းက မြို့နယ်အချို့မှာ အင်တာနက်နဲ့ ဖုန်းလိုင်းတို့ကို ကန့်သတ်ပိတ်ပင်ခဲ့ပြီး ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အင်တာနက်ပြတ်တောက်မှုဟာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုကို အနှောင့်အယှက် ဖြစ်စေပြီး ကုန်စည်တင်သင်းမှုနဲ့ တင်ပို့မှုကို အကန့်အသတ်ဖြစ်စေကာ ငွေရေးကြေးရေး ဝန်ဆောင်မှုများ ဖြည့် ဆည်းပံ့ပိုးမှုကို အဟန့်အတားဖြစ်စေတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စီးပွားရေးလုပ်ငန်းရှင်တွေဟာ စားသုံးသူတွေနဲ့ ဆက်သွယ်ဖို့နဲ့ ငွေ ပေးချေမှုများအတွက် အင်တာနက် အသုံးပြုဖို့လိုအပ်ပြီး ၂၁ ရာစု စီးပွားရေးလုပ်ငန်းကို ကြီးထွားတိုးတက် လာစေဖို့ အင်တာနက်ထက် အရေးပါတဲ့ အခြားမည်သည့်ကိရိယာမှမရှိဘူးလို့လည်း အမေရိကန်သံရုံးက ဆိုပါတယ်။

(ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် ပြီးခဲ့သည့် ၂၀၁၉က အင်တာနက်ဖြတ်​တောက်ထားမှု​ကြောင့် ဆန္ဒပြကန့်ကွက်​နေစဥ်)

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ အိန္ဒိသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ပြည်သူတွေ ပူးပေါင်းပြီး အိန္ဒိယအစိုးရအနေနဲ့ မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုဆက်ဆံနေခြင်းနဲ့ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေခြင်းတို့ကို ကန့်ကွက်ရှုတ်ချတဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီကနေ့ (ဇွန် ၁၀) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အခြေစိုက်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်ခဲ့တဲ့ ကျားဖြန့် ဂိုဏ်းခေါင်းဆောင်တွေ အပါအဝင် ၁၁ ဦးကို သေဒဏ်စီရင် ကွပ်မျက်လိုက်ပြီလို့ တရုတ် အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ အူဆန်မြို့တွင် ကိုရီးယားရောက် မြန်မာများ ပူပေါင်း၍ မြန်မာစစ်တပ်ကူညီထောက်ပံနေသော တရုတ်အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ယနေ့ (မေလ၂၅) ပြုလုပ်ခဲ့သည်။