Connect with us

Hi, what are you looking for?

News

မြန်မာ့အရေးကို အစဉ်တစိုက်အရေးပေါ်အာရုံစိုက်ဖို့နဲ့ ပြစ်ဒဏ်ခတ်ခြင်းကင်းလွတ်နေတဲ့စစ်တပ်ကို အရေးယူဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်း

ဒီမိုကရေစီ အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ တရားမဝင် စစ်တပ်အာဏာသိမ်းမှုပြီးနောက် ရက်စက်တဲ့ နှိမ်နင်းမှုတွေကြားကနေ မြန်မာအမျိုးသမီးတွေဟာ စစ်တပ် အာဏာသိမ်းမှုကို နေ့စဉ်ဆန့်ကျင် ဆန္ဒပြမှုတွေမှာ ရှေ့တန်းကနေ ပါဝင်နေတယ်လို့ သူက အစီရင်ခံပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစဉ်တစ်စိုက် အရေးပေါ် အာရုံစိုက်မှုကို လိုအပ် နေပြီး မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ခတ်ခြင်းမခံရတဲ့ ဆိုးရွားတဲ့အစဉ်အလာကို ရပ်တန့်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ထပ်မံတိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက စက်တင်ဘာ ၂၀ ရက်မှာ ပြုလုပ်ခဲ့တဲ့ ကာကွယ်မှုပေး ရန်တာဝန်ရှိမှု(R2P)ဆိုင်ရာ ဝန်ကြီးအဆင့် နှစ်စဉ်အစည်းအဝေးကို တက်ရောက်ခဲ့ပြီး အကြမ်းဖက်မြန်မာစစ်တပ် ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အပါအဝင် အခြားဆိုးရွားတဲ့ ပြစ်မှုကျူးလွန်မှုတွေကို ကာကွယ်တားဆီးရေးနဲ့ ပြစ်မှုကျူးလွန်သူတွေကို တာဝန်ခံမှုရှိရေး တို့အတွက် နိုင်ငံတကာ အသိုက်အဝန်းရဲ့ ထောက်ခံ အားပေးမှုဟာ အထူးအရေးကြီးကြောင်း ထည့်သွင်းပြောကြားပါတယ်။

ကုလသမဂ္ဂရဲ့ စိစစ်မှတ်တမ်းတွေအရ မြန်မာနိုင်ငံမှာ လိင်ပိုင်းဆိုင်ရာနဲ့ ကျား/မ အခြေခံတဲ့ အကြမ်းဖက်မှုဟာ မြန်မာစစ်တပ်စစ်ဆင်ရေးရဲ့ ဝိသေသ လက္ခဏာ ဖြစ်ပြီး ပဋိပက္ခ ဖြစ်ပွားမှုနဲ့ဆက်စပ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ မြန်မာစစ်တပ်ရဲ့ စစ်ဗျူဟာ တစ်ရပ် ဖြစ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက R2P အစည်းအဝေးမှာ ပြောပါတယ်။

ဒီမိုကရေစီ အရပ်သားခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းကာ တရားမဝင် စစ်တပ်အာဏာသိမ်းမှုပြီးနောက် ရက်စက်တဲ့ နှိမ်နင်းမှုတွေကြားကနေ မြန်မာအမျိုးသမီးတွေဟာ စစ်တပ် အာဏာသိမ်းမှုကို နေ့စဉ်ဆန့်ကျင် ဆန္ဒပြမှုတွေမှာ ရှေ့တန်းကနေ ပါဝင်နေတယ်လို့ သူက အစီရင်ခံပါတယ်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်တပ်က အတိတ်ကာလမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပြင် လက်ရှိပစ္စုပ္ပန်မှာ ကျူးလွန်နေဆဲ ပြစ်မှုတွေအတွက်ပါ တာဝန်ခံမှုနဲ့ တရားမျှတမှုရရှိရေး အတွက်အားသွန် ခွန်စိုက် ဆောင်ရွက်နေ တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်း စစ်ဆေးရေးယန္တရားအပါအဝင် အခြားအပြည်ပြည် ဆိုင်ရာ တရားဥပဒေ၊ တာဝန်ခံမှု ဆိုင်ရာ ယန္တရားတွေနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်မယ်လို့လည်း ဦးကျော်မိုးထွန်းက ဆက်ပြောပါတယ်။

ဆိုးရွားတဲ့ ပြစ်မှုကျူးလွန်မှုတွေကနေ ပြည်သူတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ် ဆိုတဲ့ နိုင်ငံတကာ အသိုက် အဝန်းရဲ့ ကတိကဝတ်ကို အချိန်နဲ့ တစ်ပြေးညီ တိကျပြတ်သားစွာ အကောင်အထည်ဖော်နိုင်မယ်လို့ မျှော်လင့်ကြောင်း သံအမတ်ကြီးက အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။