Connect with us

Hi, what are you looking for?

News

ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံတက်ရောက်မိန့်ခွန်းပြောမှာမဟုတ်

လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကနဦးက မိန့်ခွန်းပြောကြားဖို့ စာရင်းပေးထားပေမယ့် ရှေ့ဆက်လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေရှိတာကြောင့် စာရင်းပေးထားမှုကို ပြန်လည်ရုတ်သိမ်းခဲ့တယ်လို့ သတင်းဌာနအချို့ကို ပြောကြားထားပါတယ်။

ဒီနှစ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံက တက်ရောက်မိန့်ခွန်းပြောမှာမဟုတ်ဘူးလို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ပြောပါတယ်။

ကျင်းပနေဆဲ (၇၆)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံ့ခေါင်းဆောင်တွေ၊ အကြီးအကဲတွေရဲ့ မိန့်ခွန်းပြောကြားမှုကို စက်တင်ဘာ ၂၁ ရက်မှာ စတင်ခဲ့ပြီး မြန်မာနိုင်ငံဟာ နောက်ဆုံးနေ့ဖြစ်တဲ့ ၂၇ ရက်လျာထားစာရင်းမှာ ပါပေမယ့် ကိုယ်စားပြုပြောကြားသူရှိမှာမဟုတ်ပါဘူး။

လက်ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းဟာ ကနဦးက မိန့်ခွန်းပြောကြားဖို့ စာရင်းပေးထားပေမယ့် ရှေ့ဆက်လုပ်ဆောင်ရမယ့်လုပ်ငန်းစဉ်တွေရှိတာကြောင့် စာရင်းပေးထားမှုကို ပြန်လည်ရုတ်သိမ်းခဲ့တယ်လို့ သတင်းဌာနအချို့ကို ပြောကြားထားပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမစတင်ခင်မှာ မြန်မာကိုယ်စားလှယ်ကို မိန့်ခွန်းပြောဆိုခွင့် ပေး၊ မပေးနဲ့ပတ်သက်ပြီး အမေရိကန်၊ တရုတ် အပါအဝင် အင်အားကြီးနိုင်ငံအချို့အကြား သံတမန် ရေးအရ ညှိနှိုင်းဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီး အာဏာသိမ်းထားတဲ့စစ်ကောင်စီကို တက်ရောက်ခွင့် မပေးဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ Foreign Policy က ရေးသားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ထောက်ခံတဲ့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကိုလည်း မိန့်ခွန်းပြောဆိုခွင့် မပေးဖို့နဲ့ ၊ မိန့်ခွန်းမပြောရင် လက်ရှိ ကိုယ်စားလှယ်နေရာ ဆက်ရှိရေးအတွက် တရုတ်နဲ့ ရုရှားတို့က ကန့်ကွက်မှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ် ခဲ့ပါတယ်။

မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ အထွေထွေညီလာခံမှာ နိုင်ငံကိုယ်စားပြု မိန့်ခွန်းပြော ဆိုခွင့်မရပေမယ့် ကုလသမဂ္ဂရဲ့ မျက်နှာစုံညီအစည်းအဝေးတွေအပါအဝင် သံတမန်ရေးရာ လုပ် ငန်းစဉ်တွေကို ထဲထဲဝင်ဝင် လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိနေကာ မြန်မာပြည်ရဲ့ လက်ရှိပကတိ အခြေအနေတွေကို တင်ပြပြောဆိုခွင့်ရှိနေတာဖြစ်ပါတယ်။

တရားမဝင်အာဏာသိမ်းစစ်ကောင်စီကတော့ ကုလ သမဂ္ဂမျက်နှာစာမှာ ကိုယ်စားပြုခွင့်မရရှိတာဟာ ကြီး မားတဲ့ထိုးနှက်ချက်ကို ရင်ဆိုင်ရတာဖြစ်ပြီး သံအမတ်ကြီးကို ဦးကျော်မိုးထွန်းကို ဆက် လက်ကိုယ်စားပြုခွင့်ပေးနေတဲ့ နိုင်ငံတကာကို ကန့်ကွက်ကြောင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၁၉၈၈ အလွန် စစ်တပ်က အာဏာသိမ်းထားတဲ့အချိန်တုန်းက ကုလသမဂ္ဂဟာ စစ်အစိုးရကို တရားဝင်အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုပေမယ့် အဖွဲ့ဝင်နိုင်ငံရဲ့ ကိုယ်စားပြု အနေနဲ့ အထွေထွေညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောဆိုခွင့်နဲ့ သံအမတ်ကြီးနေရာတို့ကို ခွင့်ပေးထားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ကို အာဏာသိမ်းစစ်တပ်ရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုအကြောင်း ကုလသမဂ္ဂအဆင့်မြင့်အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တင်ပြပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...

သတင်း

ကမ္ဘာ့ခေါင်းဆောင်တွေမိန့်ခွန်းမှာ မြန်မာ့အရေးကို ထိုင်း၊ဘင်္ဂလားဒေ့ရှ်၊တီမောလက်စ်တေတို့ ထည့်ပြော၊ တရုတ်ထည့်မပြော

သတင်း

ဩစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်သူတွေကိုယ်စား ဆက်လက်အသိအမှတ်ပြုခန့်အပ်ထားပေးဖို့ တောင်းဆိုဆန္ဒပြပွဲကို စက်တင်ဘာ ၁၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

Trending

Facebook